ပျော်ရွှင်ဖွယ်နှစ်သစ်ကြီးလဲစတော့မည်

in #busy7 years ago

10-44-17-581781_3605080454194_1489122991_33208190_247501207_n.jpg

မြန်မာတို့၏နှစ်သစ်တန်ခူးလအခါသင်္ကြန်ဟုခေါ်သော
ရေကစားပွဲတော်ကြီးလဲမကြာမှီရောက်ရှိတော့မည်ဖြစ်
ပါသည် နွေဦးရဲ့သာယာတဲ့အလှကိုခံစားရင်ပူလောင်
တဲ့နွေကိုအံတုကာ အေးမြသောရေစင်ရေချမ်းတို့၏
အထိအတွေကိုပက်ဖျန်းကာ ပက်ကြတော့မည်ဖြစ်
သည်တစ်နှစ်မှတစ်ခါမြန်မာတို့၏နှစ်သစ်ကူးဝယ် မြန်
မာလူမျိုးတို့၏ အလှူဒါနတစ်ခုဖြစ်သည့် မုန်လုံးရေပေါ်
မုန်ဖက်ထုပ်ကောက်ညှင်းထုပ်အစရှိသည့်စားသောက်
ဖွယ်ရာများလည်းအလျံအပယ်ကျွေးမွေးလှူဒါန်းသည့်
ကာလဟုခေါ်ဆိုပါကလည်းမှားမည်မထင်ပေ။
နှစ်ဟောင်းကိုစွန့်ခွာလို့နှစ်သစ်ကိုပြောင်းရွေ့တော့မည့်
မြန်မာ့နှစ်ဦးကာလမှာ မြို့ ကြီးများ၌ရေစင်မဏ္ဍပ်ကြီး
များဆောက်လုပ်လျက်သူ့ထက်ငါပြိုင် အနိုင်ကဲကြလေ
သည်။တောရွာများတွင်မူ တစ်အိမ်ဝင်တစ်အိမ်ထွက်
လျက် လိုက်လံရေပက်ပျော်ကစားကြပါသည်။

10-44-27-u_sein_tun__072a1_23_enjoying_thingyan_pwe_at_kandawgyi_lake.jpg

သက်ကြီးရွယ်အိုမမိဘဘိုးဘွားများကဖြင့် ဥပုသ်စောင့်သီလယူကြကာ သင်္ကြန်ရက်အတွင်းအနားယူကြပါသည်။ငါးလွတ်ခြင်း လိပ်လွှတ်ခြင်း စသည့်အာယုဒါနများကိုလည်း မပြတ်ပြုလုပ်ကာ နှစ်သစ်၏ကုသိုလ်ကောင်း
မှုများကို အားပါးတရယူနေကြသောမြန်မာတို့ဓလေ့
မှာလည်းအလွန်ပင်ချစ်စရာကောင်းပေတော့၏ နွေရာ
သီ နေပူပူထဲတွင် ရေပက်ခံကားကြီးများဖြင့်လည်ပတ်
ကာပျော်ပါးကြသည့်အပြင် နာမည်ကြီးအဆိုတော်များ
၏ သီဆိုဖျော်ဖြေမှုများကိုလည်းအားပါးတရကြည့်ရှု
နိုင်ကြအုံးမည်ဖြစ်ပေသည် ထိုအရာသည်မှာ မြို့ ကြီးများ
ရှိလူအများသာရသောအခွင့်ရေးလည်းဖြစ်လေသည်။
မည်သို့ပင်ဆိုစေကာမူ မြန်မာတို့၏ချစ်စဖွယ်လှပသော
တန်ခူးလ၏အဆင်တန်ဆာသည်ကား မြန်မာတို့၏
သင်္ကြန်ပွဲတော်ပင်ဖြစ်နေပါတော့သည်။

10-44-43-thingyan-painting-myeik.png

ျမန္မာတို႔၏ႏွစ္သစ္တန္ခူးလအခါသၾကၤန္ဟုေခၚေသာ
ေရကစားပြဲေတာ္ႀကီးလဲမၾကာမွီေရာက္ရွိေတာ့မည္ျဖစ္
ပါသည္ ေႏြဦးရဲ႕သာယာတဲ့အလွကိုခံစားရင္ပူေလာင္
တဲ့ေႏြကိုအံတုကာ ေအးျမေသာေရစင္ေရခ်မ္းတို႔၏
အထိအေတြကိုပက္ဖ်န္းကာ ပက္ၾကေတာ့မည္ျဖစ္
သည္တစ္ႏွစ္မွတစ္ခါျမန္မာတို႔၏ႏွစ္သစ္ကူးဝယ္ ျမန္
မာလူမ်ိဳးတို႔၏ အလႉဒါနတစ္ခုျဖစ္သည့္ မုန္လုံးေရေပၚ
မုန္ဖက္ထုပ္ေကာက္ညွင္းထုပ္အစရွိသည့္စားေသာက္
ဖြယ္ရာမ်ားလည္းအလ်ံအပယ္ေကြၽးေမြးလႉဒါန္းသည့္
ကာလဟုေခၚဆိုပါကလည္းမွားမည္မထင္ေပ။
ႏွစ္ေဟာင္းကိုစြန႔္ခြာလို႔ႏွစ္သစ္ကိုေျပာင္းေ႐ြ႕ေတာ့မည့္
ျမန္မာ့ႏွစ္ဦးကာလမွာ ၿမိဳ႕ ႀကီးမ်ား၌ေရစင္မ႑ပ္ႀကီး
မ်ားေဆာက္လုပ္လ်က္သူ႕ထက္ငါၿပိဳင္ အနိုင္ကဲၾကေလ
သည္။ေတာ႐ြာမ်ားတြင္မူ တစ္အိမ္ဝင္တစ္အိမ္ထြက္
လ်က္ လိုက္လံေရပက္ေပ်ာ္ကစားၾကပါသည္။

10-44-37-thingyan-water-festival-myanmar.jpg

သက္ႀကီး႐ြယ္အိုမမိဘဘိုးဘြားမ်ားကျဖင့္ ဥပုသ္ေစာင့္သီလယူၾကကာ သၾကၤန္ရက္အတြင္းအနားယူၾကပါသည္။ငါးလြတ္ျခင္း လိပ္လႊတ္ျခင္း စသည့္အာယုဒါနမ်ားကိုလည္း မျပတ္ျပဳလုပ္ကာ ႏွစ္သစ္၏ကုသိုလ္ေကာင္း
မႈမ်ားကို အားပါးတရယူေနၾကေသာျမန္မာတို႔ဓေလ့
မွာလည္းအလြန္ပင္ခ်စ္စရာေကာင္းေပေတာ့၏ ေႏြရာ
သီ ေနပူပူထဲတြင္ ေရပက္ခံကားႀကီးမ်ားျဖင့္လည္ပတ္
ကာေပ်ာ္ပါးၾကသည့္အျပင္ နာမည္ႀကီးအဆိုေတာ္မ်ား
၏ သီဆိုေဖ်ာ္ေျဖမႈမ်ားကိုလည္းအားပါးတရၾကည့္ရႈ
နိုင္ၾကအုံးမည္ျဖစ္ေပသည္ ထိုအရာသည္မွာ ၿမိဳ႕ ႀကီးမ်ား
ရွိလူအမ်ားသာရေသာအခြင့္ေရးလည္းျဖစ္ေလသည္။
မည္သို႔ပင္ဆိုေစကာမူ ျမန္မာတို႔၏ခ်စ္စဖြယ္လွပေသာ
တန္ခူးလ၏အဆင္တန္ဆာသည္ကား ျမန္မာတို႔၏
သၾကၤန္ပြဲေတာ္ပင္ျဖစ္ေနပါေတာ့သည္။

author @zzo photo credit google