စတီးမစ်နဲ့တာဝန် အလုပ်နဲ့တာဝန်
ဒီနေ့ည၌ ကျွန်တော်အိပ်လို့တော့မဖြစ် အကြောင်းကတော့ ဒီနေ့တစ်ရက်အတွက် စာရေးပို့စ်တင်ရန် တာဝန်ကရှိနေသေး၏။တစ်နေကုန် လှုပ်ရှားရုန်းကန်မှုတွေနဲ့ ပင်ပန်းနွမ်းနယ်နေတော့ ဒီခန္ဒာကိုယ်ကြီးကို အနားယူအိပ်စက်လိုက်ချင်ပါသော်လည်း တာဝန်နဲ့အလုပ်ဆိုသည်မှာ ရှောင်လွဲလို့ရကောင်းသည့်အရာမဟုတ် စတီးမစ်တွင် အလုပ်မလုပ်ခဲ့သည့် နေ့ရက်များစွာအတွက် တာဝန်မကျေမှုများသည် များပြားစွာရှိခဲ့လေပြီ။ မိမိအလုပ်ပေါ်၌ အကြွေးများစွာသည်လည်း အထပ်ထပ်တင်ရှိနေ၏။စတီးမစ်တွင် အလုပ်လုပ်ကိုင်နေကြကုန်သော မန်ဘာများစွာတို့သည် ဦးတည်ချက်ပန်းတိုင်တစ်ခုအတွက် အရှေ့ကိုပြေးနေကြသော ယခုလိုအချိန်အခါမျိုး၌ ကျွန်တော်မှာတော့ အပြင်အလုပ်က စိတ်ပင်ပန်း လူပင်ပန်း နွမ်းနယ်လွန်းလှသည့်ဒဏ်ကြောင့် ထိုသို့အကြောင်ပြချက်အမျိုးမျိုးထုတ်ကာ ဟိုတချိန်တုန်းကလို မာန်ကိုတင်းကာ နေ့မအား ညမနား စတီးမစ်တွင် အချိန်များစွာပေးကာ နေ့စဉ်တာဝန်တွေကိုကျေအောင် မထမ်းရွက်နိုင်ခဲ့သည်မှာလည်း အချိန်ဆိုသည့် နေ့ရက်များစွာ ကြာခဲ့လေပြီ။
စတီးမစ်နှင့်ပတ်သက်ပြီးတော့ အသစ်အသစ်တွေသည် ပေါ်ထွက်လို့ရှိနေသည်ကို စတီးမစ်မန်ဘာများ ရေးသားတင်ပြသောပို့စ်များစွာကို မြင်တွေ့နေရ၏။သူတို့လောက် ကိုယ့်မှာအချိန်တွေကို မျှဝေမပေးနိုင်သေး သူတို့တွေရနေကြတာမြင်မိလေတော့ ကိုယ်လည်းရချင်မိ၏။ ကိုယ့်စိတ်ကသာ ရချင်မိသော်လည်း သူတို့လို လုပ်နိုင်အောင် အကောင်အထည်မဖော်ဆောင်နိုင်သေးပေ။ကျန်တာမပြောပါနဲ့ဦး လက်ရှိအဓိကဖြစ်သည့် စာရေးပို့စ်တင်သောကိစ္စလေးကိုပင် နေ့စဉ်တင်ပြနိုင်ရေးအတွက် အချိန်ကိုလုပြီး မနည်းကြိုးစားရေးပြီး တင်ပြနေရ၏။ကိုယ်ကရေးပြီး တစ်ပုဒ်ပြီးတစ်ပုဒ်တင်ပြ ရေးသားနေပါသော်လည်း အထူးအဆန်း ဆန်းသစ်သောအကြောင်းအရာမပါ ကိုယ်တွေ့အတွေ့အကြုံ အတွေးအမြင်တွေကို စီကာပတ်ကုံး ပို့စ်တစ်ပုဒ်ဖြစ်ရုံလောက်သာ ဒါတောင် မနည်းကြိုးစားပြီး ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးသားတင်ပြနေရ၏။
စတီးမစ်၌ အရေးကြီးဆုံးဖြစ်သော စာရေးပို့စ်တင်သည့်အလုပ်ကို တစ်နေ့တစ်ပုဒ်လောက်တောင် အချိန်မှန်မှန် ရေးသားတင်ပြနိုင်ခြင်းမရှိပဲနဲ့တော့ နောက်ဆက်တွဲဖြစ်သည့် မည်သည့်တာဝန်များကိုမှ ထမ်းရွက်နိုင်လိမ့်မည်မဟုတ် နောက်ထက်ထွက်ပေါ်လာသော အသစ်အဆန်းတို့သည် ကိုယ်နှင့် အဝေးဆုံးမှာရှိနေပါဦးမည်။လုပ်နိုင်သောသူတွေ လုပ်ကြပါ။ ကိုယ်ကတော့ နပ်မှန်အောက် ပို့စ်တင်ပြနိုင်ရေးအတွက် လုံးပန်းနေပါဦးမည်။ ဒီနေ့တစ်ရက်အတွက် စိတ်ကူးထဲဒါပဲပေါ်လာလို့ ဒါပဲရေးကာတင်ပြလိုပ်ပါတယ်ဗျာ……………။
author:@thura
photo:credit google images.
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
ကြိုးစားပြီးရေး၍ တင်ပြလျက်ပါပဲခင်ဗျာ