တောင်ပြုန်းပွဲတော်
တောင်ပြုန်းပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ ထင်ရှားစည်ကားတဲ့ နတ်ပွဲတစ်ပွဲဖြစ်ပါတယ်။
မန္တလေးခရိုင် ၊ မတ္တရာမြို့နယ်မှာရှိတဲ့ တောင်ပြုန်းကျေးရွာမှာ နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ၀ါခေါင်လဆန်းကနေ ၀ါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး ပွဲဦးကန်တော့ပွဲ ၊ ချိုးရေတော်သုံးအခမ်းအနား ၊ ယုန်ထိုးပွဲ ၊ ထိန်ခုတ်ပွဲ အစရှိတဲ့ ပွဲတွေကို ကျင်းပကြပါတယ်။
ဒီတောင်ပြုန်းပွဲတော်ရဲ့ သမိုင်းကြောင်းကတော့ မင်းညီနောင်လို့ လူသိများကြတဲ့ ရွှေဖျဉ်းကြီး နဲ့ ရွှေဖျဉ်းလေးတို့ဟာ ပန်းဆက်သမား ဗျတ္တ နဲ့ မယ်ဝဏ္ဏတို့ရဲ့ သားတွေဖြစ်တယ်လို့ အဆိုတွေရှိပါတယ်။
အနော်ရထာမင်းလက်ထက် တောင်ပြုန်းအရပ်မှာ စေတီတည်စဉ် ရွှေဖျဉ်းညီနောင်က လုပ်အားပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ကွပ်မျက်ခြင်းခံခဲ့ရပါတယ်။ အနော်ရထာမင်းက နတ်စိမ်းဖြစ်သွားတဲ့ ရွှေဖျဉ်းညီနောင်ကို တောင်ပြုန်းအရပ်ကို အပိုင်စားစေခဲ့တယ်လို့ ဆိုကြပါတယ်။
အဲဒီအချိန်ကစပြီး ရွှေဖျဉ်းညီနောင်ကို ပူဇော်တဲ့ပွဲတွေ ပြုလုပ်ရာကနေ တောင်ပြုန်းပွဲတော် ဖြစ်ပေါ်လာတယ်လို့ မှတ်တမ်းတွေက ဆိုထားပါတယ်။
ref wow box app
source photo www.google.com
well done kyawthuhein!