ကျွန်တော် နှင့် အင်္ဂလိပ်စာ (English Language and I)
အားလုံးသော Steemit မှ ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင်အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
ဒီတစ်ခါ တော့ ကျွန်တော်၏ အင်မတန် ကျွမ်းကျင်သော အင်းဂိတ်လမ်းကွှေ့ အစွမ်းကို ပြောပြချင်ပါသည်။ သီးခံ ခွင့်လွှတ် ဖတ်ရှုအားပေးကြပါခင်ဗျာ။
ကျွန်တော်သည် ကျောင်းနေစဉ်အခါက ကျွန်တော့်ဆရာတစ်ဦး၏ အခန်းတွင် ချိတ်ဆွဲထားသော စာကို မှတ်မိနေပါသေး သည်။ ထိုချိတ်ဆွဲထားသော ဆောင်ပုဒ်မှာ
"တတ်ချင်လျှင် - သင်"
"တော်ချင်လျှင် - လေ့ကျင့်"
"မမေ့ချင်လျှင် - စိတ်ဝင်စား" ဆိုသော ဆောင်ပုဒ်လေးဖြစ်ပါသည်။
ကျွန်တော်သည် အင်္ဂလိပ်စာဘာသာစကားကို တတ်ချင်သဖြင့် သင်ခဲ့ဘူးပါသည်။ တော်ချင်လို့လည်း လေ့ကျင့်ခဲ့ဘူးပါသည်။ သို့သော် မမေ့ချင်ပေမယ့် စိတ်မ၀င်စားခဲ့ပါချေ။ ထိုကြောင့် ကျွန်တော်သည် အင်္ဂလိပ်စာတွင် အလွန်ညံ့ဖျင်းပါသည်။
သင်ယူခြင်း တတ်မြောက်ခြင်း မှတ်သားခြင်း တို့သည် ပညာရပ်တစ်ခုလေ့လာရာတွင် အလွန်အင်မတန် အရေးကြီးကြောင်း ဆွေးနွေးချင်လာမိပါတယ်။ အဲဒီလိုဆွေးနွေးချင်ရတာကလည်း ကျွန်တော်ဟာ ငယ်စဉ်အခါပညာသင် ကာလမှစတင်လို့ အင်္ဂလိပ်စာကို သင်ယူခဲ့ပါတယ်။ တက္ကသိုလ်ဘွဲ့ရသည်အထိပေါ့နော်။ လူတိုင်း လူတိုင်းလည်း အဲလိုဘဲ သင်ယူခဲ့ရမှာပါ။ ဒါကိုအထူးအဆန်လုပ်ပြီး ပြောနေခြင်းမဟုတ်ပါခင်ဗျာ။
သူငယ်တန်းကမှ တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရသည်အထိ အင်္ဂလိပ်စာကို သင်ယူခဲ့ကြရပါတယ်။ ဒါပေမယ့် ကျောင်းပြီးလို့ ဘွဲ့သာရလာခဲ့တယ် အင်္ဂလိပ်စာတတ်မြောက်မှု ကျွမ်းကျင်မှု မှာ အင်မတန်ချာပါတယ်ဗျာ(ကျွန်တော့်ကိုယ် ကျွန်တော်ပြောခြင်းပါဗျာ။ အခြားသူများက ကျွန်တော့်လောက် ညံ့ဇျင်းမည်မဟုတ်ကြပါ) ကျွန်တော်သည် စာညံ့သူမဟုတ်ပါ။ အင်္ဂလိပ်စာလည်းမညံ့ပါ။ သို့သော် ယခုအချိန်ထိ အင်္ဂလိပ်စာကို မတတ်သေးဟုပြောရမည်ထင်ပါသည်။ ထင်ပါသည်မဟုတ်။ တတ်ကို မတတ်သေးခြင်းဖြစ်သည်။ အင်္ဂလိပ်စာ တတ်ခြင်း မတတ်ခြင်းကို ယခင်က အရေးမထားခဲ့ပါ။ Steemit တွင် စာဝင်ရေးသောအခါတွင်မတော့ အင်္ဂလိပ်ကို ပြန်လည် တတ်ကျွမ်းချင်စိတ်ပေါက်ပွားလာပြန်ပါတယ်။ အခြေအနေ အချိန်အခါ ဆိုတာနေမှာပေါ့နော်။ အခုလို Steemit မှာ စာတွေရေးတော့ အခြားသော လေ့လာစရာများကို လေ့လာချင်သော်လည်း အင်္ဂလိပ်စာအားနည်းမှု ကျွမ်းကျင်မှုမရှိသောကြောင့် လေ့လာရာတွင် အခက်အခဲရှိနေပါသည်။ ထိုအခါ အင်္ဂလိပ်စာကို ပြန်လည်တတ်ကျွမ်းကျင် စိတ်ပေါ်လာခဲ့ခြင်းပေသည်။
ဒီနေရာမှာ တစ်ခုလောက်စဉ်းစားကြည့်မိတာက အခြားသော ပညာရပ်တွေကိုလေ့လာခြင်း သင်ယူခြင်း ပြုလုပ်ကြရင် အများဆုံး (၃) နှစ်လောက်ဆို လုပ်စားနိုင်တဲ့ နေရာတစ်နေရာတော့ ရနိုင်ပါတယ်ဗျာ။ ဒါပေမယ့်လို့ ဘာသာစကားတွေကို သင်ယူတဲ့အခါမှာတော့ ဘာကြောင့် ကျွမ်းကျွမ်းကျင်ကျင်နဲ့တတ်မြောက်မှုမရှိသေးတာလဲ။ သင်ယူမှုအခြေအနေတွေကို လိုက်ပြီး တတ်မြောက်မှုတွေ ကွဲပြားခြားနားနေတတ်သလို စိတ်ပါဝင်စားမှု သင်ကြားသူဆရာ၏ သင်ကြားနိုင်မှု စွမ်းရည်များ အပေါ်မှာ တည်မှီနေသလားဆိုတာလည်း စဉ်းစားမိပါတယ်။
Image from google
ဘာသာစကားတစ်ခုကို တတ်မြောက်ဖို့ရန်အတွက် ဘာတွေများလိုအပ်နေသလဲလို့စဉ်းစားကြည့်ကြရအောင်ပါဗျာ။ ဘာသာစကားတစ်ခုကို စတင်လေ့လာတဲ့နေရာမှာ အရင်ဆုံးဖြစ်သင့်တာကတော့ နားထောင်ခြင်း(Listening) ဖြစ်မယ်ထင် ပါတယ်ဗျာ။ ဘာကြောင့်လည်းဆိုတာကတော့ အလွယ်တကူနားလည်လို့ရမယ်ထင်ပါတယ်။ ကျွန်တော်တို့တစ်တွေ မွေးလာကာစအချိန်မှ တဖြည်းဖြည်း ကြီးထွားလာရာ ပတ်ဝန်းကျင်က ပြောဆိုသံတွေကို စတင်နားထောင်ကြရတယ် မဟုတ်ပါလားခင်ဗျာ။ ကျွန်တော်တို့ဟာ မြန်မာပြည်မှာ မွေးဖွားလာခဲ့တဲ့အတွက် မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောယတတ်ခဲ့ခြင်းဖြစ်ပါတယ်။ တကယ်လို့များ ကျွန်တော်တို့ဟာ အခြားနိုင်ငံတစ်ခုခု ဆိုကြပါစို့ အင်္ဂလန်နိုင်ငံမှာများ မွေးဖွားခဲ့မယ်ဆိုရင် သို့မဟုတ် ပြင်သစ် သို့မဟုတ် အီတလီ စသည့် နိုင်ငံတစ်ခုခု မှာများ မွေးဖွားခဲ့ကြမယ်ဆိုရင် မြန်မာလို မတတ်တော့တာသေချာပါတယ်နော်။ အဲဒီလိုပဲ အင်္ဂလန်မှာမွေးတဲ့ကလေး ပြင်သစ်မှာမွေးတဲ့ကလေး အီတလီမှာ မွေးတဲ့ ကလေးကို ကျွန်တော်တို့ရဲ့မြန်မာပြည်မှာထားကြည့်မယ်ဆိုရင် အဲဒီကလေး ဘာစကားတတ်မယ်ထင်ပါသလဲ။ ရှင်းပါတယ် မြန်မာစကားပဲတတ်ပါလိမ့်မယ်။ သူ့ရဲ့ မိခင်ဘာသာစကားကို မပြောတတ်တော့မှာအမှန်ပဲဗျ။ ကျွန်တော်တို့ ငယ်ငယ်က ဘယ်လိုနည်းနဲ့ စကားပြောတတ်လာသလဲဆိုတာစဉ်းစားမယ်ဆိုရင် အဖေ အမေ တွေပြောတာကို ဘာမှနားမလည်ဘဲ မျက်လုံးလေး ပေကလပ် ပေကလပ် နဲ့ကြည့်ပီး တစ်နှစ်ခွဲ နှစ် နှစ် နေခဲ့ကြပါတယ်။ အဲဒီလို တစ်နှစ်ခွဲ နှစ်နှစ်လောက် နေမှ အဖေ အမေ အဖိုး အဖွား စသည့် ဆွေမျိုးများ ပြောဆိုတဲ့ စကားကို လိုက်လံ အတုခိုး ပြောဆိုခဲ့ကြတယ် မဟုတ်ပါလားခင်ဗျာ။ လူတိုင်း လူတိုင်းလည်း အဲဒီလိုနည်းနဲ့ စကားပြော သင်ခဲ့ကြရမှာပါ။ အဲဒီတော့ စဉ်းစားကြည့်မယ် ဆိုရင် ဒါက နားထောင်ခြင်း(Listening) ကနေစကားပြော(Speaking)တတ်သွားခြင်းမဟုတ်ပါလားခင်ဗျာ။
အဲဒီတော့ ဘာသာစကားများ တတ်ကျွမ်းရန်အတွက် အခြေခံအုတ်မြစ်က နားထောင်ခြင်း(Listening) လို့ပြောရမှာပေါ့။ နားထောင်တဲ့ အကျင့်ရလာတဲ့အခါမှာ ပြောဆိုခြင်း(Speaking) ဖြစ်လာမယ်ပေါ့။ အဖေ အမေ အဖိုး အဖွားများ ပြောဆိုသည့်အတိုင်းလိုက်လံ ပြေဆိုရင်းနဲ့ ပြောဆိုခြင်းကို အလွယ်တကူ တတ်ကျွမ်းသွားကြတယ်မဟုတ်ပါလားခင်ဗျာ။ အဲဒီလိုနဲ့ ကျောင်းနေအရွယ် ရောက်လာတဲ့အခါမှာတော့ ကျောင်းမှာရေးသားခြင်း(Writing) အတတ်ကို ဆရာ ဆရာမများက သင်ကြားပေးကြတယ် မဟုတ်ပါလား။ နောက်ဆုံးအဆင့်အနေနဲ့ကတော့ ဖတ်ရှု့ခြင်း(Reading) အဆင့်ပဲပေါ့ဗျာ။ အဲဒီတော့ ဘာသာစကားတွေကို တတ်ကျွမ်းချင်ရင် အစီအစဉ်အလိုက် သင်ကြားမှ ကျွမ်းကျင်မယ်ဆိုတာ သိရှိလာရပါတယ်။ အတိုချုပ်ပြောရမယ် ဆိုရင်တော့ ဘာသာစကားတွေကို ကျွမ်းကျင်ချင်တယ်ဆိုရင်တော့-
(၁) နားထောင်ခြင်း(Listening)
(၂) ပြောဆိုခြင်း(Speaking)
(၃) ရေးသားခြင်း(Writing)
(၄) ဖတ်ရှုခြင်း(Reading) အစီအစဉ်အလိုက် သင်ယူမှာသာ အမှန်တကယ် တတ်ကျွမ်းကြမည်ဖြစ်ပါသည်။
ကျွန်တော် အင်္ဂလိပ်စာညံ့ဖျင်းရခြင်းမှာ အစီအစဉ်တကျ မသင်ယူခဲ့ခြင်း၊ စိတ်ပါဝင်စားမှုအားနည်းခဲ့ခြင်း တို့ကြောင့် ဖြစ်ပါမည်။ ယခုအချိန်ထိ အင်္ဂလိပ်စာ ကို ဖတ်ရှုရာတွင် သိသလိုလို မသိသလိုလိုဖြစ်နေတတ်ပါသည်။ ထိုသို့ဖြစ်နေခြင်းမှာ မကျွမ်းကျင်သောကြောင့်ပင်ဖြစ်ပါမယ်။ ဘာသာစကားမှမဟုတ်ပါ။ မည်သည့်ပညာကိုမဆို သင်ယူကြရာတွင် အစီအစဉ် တကျ သင်ယူခြင်းမရှိပါက အမှန်တကယ် တတ်မြောက်ခြင်းမဖြစ်နိုင်ပါချေ။ တတ်တော့ တတ်သလိုလို ရှိပါသည်။ သို့သော် အမှန်တကယ် နှိုက်နှိုက်ချွတ်ချွတ် မေမြန်းကြည့်ပါက ဟုတ်တိ ပတ်တိ သေသေချာချာ သိခြင်းမရှိသည်ကို တွေ့ရပေမည်။ ကျွန်တော်ဘာကြောင့် ထိုကဲ့သို့ပြောနိုင်ပါသနည်းလို့များ မေးမြန်းခဲ့သော် အဖြေကျွန်တော်မှာ အဆင်သင့်ရှိနေပါသည်။ ကိုယ်တွေ့ဖြစ်ပါသည်။ ကျွန်တော်သည် ထိုကဲ့သို့ဖြစ်နေသော အီးယောင်ဝါး တစ်ယောက်ဖြစ်နေသောကြောင့်ပင်တည်း။ ကျွန်တော်ကဲ့သို့ မဖြစ်စေလိုသောကြောင့် ပညာရပ်များကို သင်ယူရာတွင် စနစ်တကျသင်ယူကြရန် တိုက်တွန်းအပ်ပါသည်။ နည်းမှန် လမ်းမှန် သင်ကြားခြင်းမဟုတ်ပါက မိမိရဲ့ အင်အားကို စိုက်ထုတ်လေလေ ပိုပြီးတော့ ပင်ပန်းလေလေ ဖြစ်တတ်ပါသည်ကို သတိပြုကြပါကုန်။ အင်္ဂလိပ်စာ တတ်ကျွမ်းလိုသူ ချစ်မိတ်ဆွေအပေါင်းလည်း ဒီနေ့ကစပြီး နည်းမှန် လမ်းမှန်ပေါ်လိုက်ပြီး စိတ်ရှည်ရှည်ထား အချိန်နည်းနည်းပေးပြီး လေ့ကျင့်ကြည့်ပါရန်လည်း တိုက်တွန်းအပ်ပါသည်။ Late is better than Never လို့ပြောတာကြားဖူးပါတယ်(ဘာပြောတာလဲဗျ) အခုချိန်ကစလည်း နောက်မကျသေးပါ။ ခုအချိန်က စပြီး လေ့လာသင်ကြားမယ်ဆိုရင်တော့ ဘယ်တော့မှ မသင်ကြားတာထက်အများကြီးကောင်းပါတယ်ဗျာ။ ကဲ ချစ်မိတ်ဆွေများခင်ဗျား အခုပဲစလိုက်ကြပါစို့။
ဘာသာစကားသင်ယူကြရာတွင် နားထောင်ပါ။ နားထောင်ရည်ပြည့်ဝလာလျှင် အတုယူပြီး လိုက်လံပြောဆိုပါ။ ပြောတတ် လာလျှင် မိမိတို့ဘယ်လောက်ပြောတတ်ပီလဲဆိုတာကို လိုက်လံရေးသားကြည့်ပါ။ ထိုကဲ့သို့ထပ်ခါ ထပ်ခါ လေ့ကျင့်ခြင်းဖြင့် သင်ကြားပါက အလွယ်တကူ မပင်မပန်းရပါဘဲနှင့် တတ်ကျွမ်းနိုင်မည်ဖြစ်ကြောင်းကိုလည်း အကြံပေးလိုက်ပါသည်ခင်ဗျာ။
ယခု ဆရာဦးတင်လှိုင်ဦး(Tin Hlaing Oo) @tinhlaingoo မှ စေတနာထားပြီး အင်္ဂလိပ်စာနားမလည်သူများကို အခြေခံမှစတင်သင်ကြား ပေးနေပါသည်။ ၀င်ရောက်ဖတ်ရှု လေ့လာ မေးမြန်းနိုင်ပါကြောင်းလည်း ကြေငြာအပ်ပါသည်။ စေတနာဖြင့် သင်ကြားပေးပါသော ဆရာဦးတင်လှိုင်ဦး @tinhlaingoo အား လည်း ယခုရေးသားသော Post ဖြင့် ဂါရ၀ပြုပါသည်ခင်ဗျာ။
တကယ်တမ်းဆန်းစစ်ကြည့်သောအခါ ကျွန်တော်သည် အင်္ဂလိပ်စာကို တတ်သလိုလို မတတ်သလိုလိုပင်။ နားလည်သလို လို နားမလည်သလိုလို။ ထိုသို့ဖြစ်နေခြင်းမှာ တကယ်တမ်းတော့ မကျွမ်းကျင်မှုသာဖြစ်ကြောင်းပါခင်ဗျာ။ အင်္ဂလိပ်စာကို ကျောင်းနေစဉ်အခါက အမှန်တကယ်လေ့ကျင့် သင်ကြားခဲ့သောနှစ်မှာ အနည်းငယ်သာရှိခဲ့ပါသည်။ ကောင်းကောင်းမွန်မွန် လေ့ကျင့်ခဲ့သော အတန်းများမှာ အဋ္ဌမတန်း(၈ တန်း)တွင်တစ်ကြိမ် ၊ ဒသမတန်း(၁၀ တန်း)တွင် တစ်ကြိမ်သာ လေ့ကျင့်ခဲ့ ပါသည်။ တက္ကသိုလ်တွင် အင်္ဂလိပ်စာလုံးဝ(လုံးဝ)လေ့ကျင့်ခြင်းမပြုလုပ်ခဲ့ပါချေ။ ကျွန်တော် အင်္ဂလိပ်စာ ညံ့ခြင်းမှာ မဆန်း တော့ဟုထင်ပါသည်။ ကျွန်တော့်အဆင့်မှာ Are ကို အရီး ဟုအသံထွက် ဆရာကိုမေတ္တာ ပြောသလို ပြောရမည်ဆိုလျှင် Discovery ကိုဘယ်လိုအသံထွက် ဟုမေးကြည့်ပါ။ ဒစ်စကိုဗဲရီး အဆင့်သာရှိပါသည်။ ထိုအသံထွက်ကို မှားသည်ဟု ပြောမည်လား။ ဆရာကိုမေတ္တာက ပရိသတ်ကြီးအား သက်သေပြုပြီး ဒီလိုခွဲခြားပြသွားပါသည်။
ကိုမေတ္တာ - Disco ကို ဘယ်လိုအသံထွက်ပါသလဲ ပရိသတ်ကြီးခင်ဗျာ..
ပရိသတ် - ဒစ်စကို လို့အသံထွက်ပါတယ်ခင်ဗျာ....
ကိုမေတ္တာ - very ကို ဘယ်လိုအသံထွက်ပါသလဲ ပရိသတ်ကြီးခင်ဗျာ...
ပရိသတ် - ဗဲရီး လို့အသံထွက်ပါတယ်ခင်ဗျာ...
ကိုမေတ္တာ - အဲဒါဆို အဲဒီနှစ်ခုကို ပေါင်းပြီးဆိုရင် ဘယ်လို အသံထွက်ပါသလဲခင်ဗျာ....
ပရိသတ် - ဒစ်စကို ဗဲရီး ပါခင်ဗျာ...
ကိုမေတ္တာ - ဒါဆိုရင် DISCOVERY ကို ဘယ်လိုအသံထွက်ရပါမလဲခင်ဗျာ....
ကဲဗျာ ကျွန်တော်တို့ဘယ်လိုအသံထွက်ကြပါမည်နည်။(ပရိသတ်ကြီးအယောက်တစ်ရာရဲ့အဖြေက-------ရယ်စရာအဖြစ်ပြောပြခြင်းပါ)
ကျွန်တော်တို့ မြန်မာနိုင်ငံတွင် နားထောင်ခြင်း(Listening) အတွက် အခြေအနေပေးနိုင်ခြင်း အားနည်းသည်ဟုထင်ပါသည်။ ထို့ကြောင့် စကားလုံးရှားပါးမှုပြသနာနှင့်ကြုံရပါသည်။ ထိုသို့ဆိုလျှင် စကားလုံးပေါများအောင် စကားလုံးကြွယ်ဝအောင် ဘယ်လိုလေ့လာရမလဲဆိုရင်တော့ စာဖတ်ခြင်း(Reading) သည်ကျွန်တော်တို့အတွက် လေ့လာပြီး စကာလုံးကြွယ်နိုင်မည် ဖြစ်ပါကြောင်းလည်း အင်္ဂလိပ်စာ လေ့လားသူများအား အကြံဥာဏ်ပေးပါရစေ။ ဆရာဦးတင်လှိုင်ဦး သင်ကြားပေးသော သင်ခန်းစာများကိုလည်း သင်ကြားပေးသူရှိနေခိုက်တွင် လေ့လာဆည်းပူးသင်ယူကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။
ကျွန်တော်ကိုယ်တိုင်လည်း ဆရာဦးတင်လှိုင်ဦး သင်ကြားသော သင်ခန်းစာများကို လေ့လာသင်ယူနေပါသည်။ တက္ကသိုလ်တွင် မလေ့လာခဲ့မိသော ကျွန်တော်သည် Steemit တွင်တော့ လေ့လာသင်ယူနေရပါပြီ။ သို့သော်လည်း ကျွန်တော်၏ အင်္ဂလိပ်စာ အဆင့်အတန်းသည် Are ကို အရီး Discovery ကို ဒစ်စကိုဗဲရီး အဆင့်သာဖြစ်နေပါသေးကြောင်း post တင်ကြွားလိုက်ပါသည်ခင်ဗျာ။
အားလုံးသောချစ်မိတ်ဆွေအပေါင်း အင်္ဂလိပ်စာကို ကျွမ်းကျင်စွာ တတ်မြောက်အောင်လေ့လာနိုင် ကြပါစေလို့ ဆုတောင်းရင်းဖြင့်--
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Fellowship အပေါင်း အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
Myanmar Steemit Community
28-8-2017(Monday)
great work! keep it up!
You are alway active. Thanks bro.
I work my butt off at this.
Good post
ခုလိုလာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ
learning
yes,learning
တော်လိုက်တာဗျာ...ကူညီပေးရင်ကောင်းမှာပဲ
guide လုပ်ပေးမယ်
Very very good post brother
Thank you very much.
a nice post!
Thanks bro
အတူတူ လေ့လာကြတာပေါ့..bro
Ok ok fighting
Good Article
Thank you.
great post bro
တေတော့မယ် အကြီးကြီး မလုပ်ပါနဲ့ ကျေးဇူးပါညီရေ
အင်းဂိတ်ဇာ လာသင်အူးမှဘာ
nope ဆာတေ လက်ခံဘူး ဆာမတေ ပဲ လက်ခံဒယ် ☻☻☻