Windows 10 Laptop များ အတွက် Clickpad Functions အသုံးပြုနည်း

in #myanmar7 years ago

မသိသေးတဲသူများအတွက် လက်တွေ့စမ်းသပ်အသုံးပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ရေးသားပေးခြင်းဖြစ်ပါတယ်။ Laptop များတွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် ယနေ့ခေတ်တွင် ကျွန်တော်တို့ကဲ့သို့ ရှေးယခင်များကတည်းက လေ့လာဆည်းပူးခဲ့သူများအတွက် လက်သားကျနေပြီဖြစ်သော Mouse ကိုသာ အသုံးပြုချင်နေကြပါသည်။ တကယ့်လက်တွေ့မှာမူ clickpad မျာသည် သာမန် Mouse တစ်လုံးထက် အသုံးပြုနိုင်စွမ်း ပိုမိုသည်ကိုတွေ့ရှိရပါသည်။

 ကဲ Clickpad လေးသုံးကြည့်ရအောင်  


  1. Touch with One finger သည် သာမာန် mouse တစ်လုံးအတွင် Left click နှိပ်၍ အသုံးပြုသည်နှင့်တူပါသည်။ နှစ်ချက်ဆက်တိုက်နှိပ်ပါက Open ပါလိမ့်မည်။ ထို့အတူ မိမိမှတ်သားလိုသော အရာများကို Left click နှိပ်၍ သတ်မှတ်နိုင်သကဲ့သို့ clickpad ပေါ်တွင် လက်တစ်ချောင်းတည်းဖြင့် နှစ်ချက်ဆက်တိုက် ထိစေပြီး ဖိဆွဲသွားပါက မိမိ မှတ်သာလိုသည်များကို မှတ်သားနိုင်မည်ဖြစ်ပါသည်။
  2. Touch with two fingers သည် Mouse တွင်ပါရှိသော Right Click နှိပ်၍ အသုံးပြု သည်နှင့်တူပါသည်။  လက်နှစ်ချောင်းဖိဆွဲချလျှင် Scroll အပေါ်အောက် ဆွဲသကဲသို့ဆွဲနိုင်ပါသည်။ Mouse တစ်လုံး၏ အလည်တွင်ပါရှိသော ဘီးလုံးလေးကို လှည့်သည့် သဘောတရားဖြစ်ပါသည်။ ထို့အပြင် Mobile phone များတွင် zoom ဆွဲသကဲ့သို့ လက်နှစ်ချောင်းအား စုခြင်းဖြင့် ကျုံစေ၊ လက်နှစ်ချောင်းအား စုနေရာမှမျက်နှာချင်းဆိုင် ဘေးသို့ ဆွဲခြင်းဖြင့် ချဲ့ ကြည့်နိုင်ပါသည်။
  3. Touch with three fingers သည် Microsoft ၏ AI ( Artificial Intelligence ) ဖြစ်သော Cortana. ကိုဖွင့်ပေးမှာဖြစ်ပါသည်။ လက်သုံးချောင်းဖြင့်ထိလျှက်ဆွဲချလျှင် Show desktop. ဖြစ်ပြီး လက်ရှိဖွင့်ထားသော Program အားလုံးသည် အောက်သို့ရောက်သွားပြီး desktop ကိုသာမြင်ရတော့မည်ဖြစ်သည်။ ထို့အတူ လက်သုံးချောင်းဖြင့် ထိလျှက် ပေါ်သို့ဆွဲတင်လျှင် နောက်ဆုံးအသုံးပြုလက်စ program ကို ပြန်ခေါ်ပေးမည်ဖြစ်ပါသည်။ လက်သုံးချောင်းဖြင့်ထိလျှက် ဘေးတိုက် ဆွဲလျှင် သုံးလက်စ program အားလုံးကို အကွက်သေးများဖြင့် ဖော်ပြပေးမှာဖြစ်ပြီး မိမိနှစ်သက်ရာ ဖွင့်လက်စ program ကို စိတ်တိုင်းကျ ရွေးချယ်နိုင်မှာဖြစ်ပါသည်။
  4. Touch with four fingers ကဲ နောက်ဆုံးပိတ်ဗျာ လက်လေးချောင်းဖြင့် Click pad ပေါ်ကို နှိပ်လိုက်ပါက action centerပေါ်လာမှာဖြစ်ပါသည်။ action center မှ Notification များ collapse များကို လိုအပ်သလို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေ.....

Kaung Soe Thant

MHPA Mandalay zone

09976298669

Sort:  

ကိုယ့်ပိုစ် ကို ကိုယ့်ဘာသာလည်း ဘုတ်လို့ရတယ်နော်