ဆရာတစ်ယောက်၏ ကောက်ကြောင်းများ(၃)

in #myanmar8 years ago

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက်၏ ကောက်ကြောင်းများ(၃)

မှတ်မှတ်ရရ ထိုသုံးယောက်

ဆရာတစ်ယောက်အနေဖြင် သင်ကြားပေးခဲ့သည့် ကျောင်းသား၊ကျောင်းသူများစွာ ရှိခဲ့ပါတယ်။ လက်ရှိလည်း သင်နေဆဲမို့ နောက်ထပ်လည်း တပည့်ပေါင်းများစွာ ရှိလာဦးမှာပါ။

တပည့်တွေထဲမှာလည်း အမျိုးမျိုး၊အဖုံဖုံပါပဲ။ နေရာဒေသ၊ နီးစပ်ရာပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေကြောင့် စရိုက်လက္ခဏာ၊ အပြုအမူတွေလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါ။

ဆရာဆိုတော့လည်း တော်တဲ့ကျောင်းသားလည်း တော်တဲ့အလျောက်၊ ဆိုးတဲ့ကျောင်းသားလည်း ဆိုးတဲ့အလျောက် မေတ္တာထားပေးခဲ့ပါတယ်။

မေတ္တာ၊စေတနာထားပေးတဲ့အတွက်ကြောင့် တခြားဆရာ၊ဆရာမတွေ ထိန်းကြောင်းဖို့ ခဲယဉ်းခဲ့တဲ့ လူဆိုးစာရင်းဝင် ကျောင်းသား၊ကျောင်းသူအများစုက ကျွန်တော့်စကားဆိုရင်တော့ (ကျွန်တော့်ရှေ့မှာ) နားထောင်လေ့ရှိကြပါတယ်။

လူဆိုးတွေအတော်များများကို ထိန်းကျောင်းနိုင်ခဲ့တဲ့ ကျွန်တော်တစ်ယောက် ထိုသုံးယောက်နဲ့ ဆုံမိကြတဲ့အချိန်မှာတော့ ဆရာတစ်ယောက်ဘဝမှာ မတွေ့ကြုံဘူးတဲ့ အဖြစ်အပျက်တွေ ဖြစ်ပေါ်လာခဲ့ရပါတော့တယ်။

အားတဲ့အချိန်လေး လုရေးရတာမို့ အပိုင်းပိုင်းခွဲရေးရတာ နားလည်ပေးကြပါ။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

Sort:  

မတွေ့ရတာတောင်အတော်ကြာပီကောဆရာမောင်းရယ် အားတဲ့အချိန်လေးတော့ ရေးတင်စေချင်ပါတယ် အားပေးနေပါတယ်ဗျာ

ဟုတ် ဆာ ကြိုးစားပါ့မယ်ခင်ဗျ

အကို​ရေ မ​တွေ့တာ​တောင်​အ​တော်​ကြာပြီ.....။မေ့​တောင်​​မေ့​နေတာ😁

😁😁