Health for MyanmarsteemCreated with Sketch.

in #myanmar8 years ago

ကျီးပေါင်းတက်တာ၊ ဇာက်ညောင်းညာတွေ သက်သာစေမဲ့ အိမ်တွင်းနည်းလမ်း
ဇက်ကျီးပေါင်းတက်တာ၊ ဇာက်ညောင်းညာတွေက လူငယ်တွေမှာလည်း ဖြစ်တက်ကြပါတယ်။
သဘာဝအိမ်တွင်းပစ္စည်းလေးတွေနဲ့ သက်သာအောင်ကုသလို့ရတဲ့ နည်းလမ်းလေးကိုမျှဝေပေးမယ်နော်။
အိမ်သုံးဆားအသန့် လက်ဖက်ဇွန်း၁၀ဇွန်း၊ သံလွင်ဆီဒါမှမဟုတ် နေကြာဆီ လက်ဖက်ဇွန်း၂၀ဇွန်းတို့ကို ထည့်ထား
စရာ ဖန်ပုလင်း(ဘူး) ထဲမှာ ထည့်ပြီး ရောနှောထားပါ။ အဲ့ဒီရောနှောထားတဲ့ အဆီကို ၂ ရက်လောက်ထားထားပြီးမှ
သုံးစွဲပေးပါ။ ပထမဦးဆုံး ဒီဆေးကို မနက်တိုင်း၊ ညအိပ်ယာဝင်ခါနီး ၂-၃ မိနစ်လောက် အသားထဲစိမ့်ဝင်အောင် ပွတ်
လိမ်းထားပေးပါ။ အချိန်ရရင်တော့ မိနစ်၂၀လောက်ထိ လိမ်းထားပေးပြီး အဝတ်စဖြင့် ဆေးတွေကိုဖယ်ရှားလိုက်ပါ။
၁၀ရက်လောက် သင်စွဲလိမ်းပေးရင်တော့ သင့်ရဲ့ အရိုးနုနှင့် အရိုးတစ်ရူးများ၊ ကြွက်သားအသစ်များကို ပြန်လည်ကောင်းမွန်စေပြီး
၈-၁၀ ရက်အတွင်းမှာ သက်သာစေတာကို သင်သတိထားမိပါလိမ့်မယ်။ နောက်ထပ် ကျီးပေါင်းရောဂါဖြစ်ပွားမှု့မှလည်း ကာကွယ်ပြီးသား
ဖြစ်သွားပါလိမ့်မယ်။ သဘာဝပစ္စည်းတွေဖြစ်တာကြောင့် ဘေးအန္တရယ် မဖြစ်စေနိုင်ပါဘူး။
image
Credit to Just Life