Relationship ပိုမိုတိုးတက်စေဖို့ လုပ်သင့်တဲ့ နည်းလမ်းများ

in #myanmar8 years ago (edited)

Relationship ပိုမိုတိုးတက်စေဖို့ လုပ်သင့်တဲ့ နည်းလမ်းများ
Relationship ဆိုတာ လူသားတွေရဲ့ ဘ၀မှာ အရေးပါတဲ့ အရာပဲဖြစ်ပါတယ်။
Relationship တိုးတက်ကောင်းမွန်လေလေ သင့်ရဲ့ စိတ်ခံစားချက် ပျော်ရွှင်ချမ်းမြေ့မှုရလေလေဖြစ်ပါတယ်။ ဒါကြောင့် Relationship တိုးတက်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါမယ်။
image
၁။ အကောင်းမြင်တဲ့သဘောထားပါ။
image

သင့်အနေနဲ့ သင့်ရဲ့ Relationship ကိုပိုမိုတိုးတက်စေဖို့ အရာအားလုံးကို အကောင်းမြင်ပါ။ အရာရာကို မကောင်းမြင်တာ ၊ အမြင်မကြည်မှုတွေဟာ ဆိုးရွားတဲ့ Relationship ကိုပဲ ရရှိစေမှာပါ။

၂။ ကိုယ့်ကိုကိုယ်ချစ်မြတ်နိုးပါ။

သင်စိတ်တိုင်းမကျမှုတွေဖြစ်နေရင် သင့်ရဲ့ ချစ်သူဖြစ်သူလည်း နေထိုင်ရတာ အဆင်ပြေမှာမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ အကြောင်းကြောင်းကြောင့် စိတ်ကောက် ၊ စိတ်ဆိုးနေတာရှိပေမယ့်လည်း မသိစိတ်မှာတော့ ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင် စကားပြောလိုနေမှာပါ။ ဒါကြောင့် မသိစိတ်က တောင်းဆိုနေတာကို အတင်းကြီး ဟန်လုပ်သရုပ်ဆောင်မနေပါနဲ့။ မသိစိတ်ရဲ့ တောင်းဆိုမှုအတိုင်းလုပ်လိုက်ခြင်းက သင့်ချစ်သူရဲ့ စိတ်ခံစားချက်ကို ပျော်ရွှင်စေမှာဖြစ်သလို သင်တို့ရဲ့ Relationship ကိုလည်း ပိုမိုကောင်းမွန်စေမှာပါ။

၃။ ချစ်သူရဲ့လိုအပ်ချက်တွေကို အလေးထားပါ။

ချစ်သူစုံတွဲအကြား အပြန်အလှန်အလေးထားတာက ကောင်းမွန်တဲ့ Relationship ကို တည်ဆောက်နိုင်မှာပါ။ သင့်ရဲ့ ချစ်သူက သူ့ရဲ့ လိုအပ်တဲ့အရာတွေ ၊ အကြောင်းအရာတွေကို သင့်ကို ပြောပြတိုင်ပင်လိုတာတွေ ရှိမှာဖြစ်ပြီး သင်ကလည်း သူပြောတာကို အလေးထားနားထောင်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ခြင်းက သာယာလှပတဲ့ အနာဂတ်ခရီးလမ်းကို အဆင်ပြေပြေလျှောက်လှမ်းနိုင်စေမှာပါ။

၎။ ဂရုစိုက်ပါ။
image

ချစ်သူကို ဂရုစိုက်ခြင်းက နှစ်ဦးနှစ်ဖက်ကြားမှာ သံယောဇဉ်နဲ့ ယုံကြည်မှုတွေ တိုးလာစေပါတယ်။ သင့်အနေနဲ့ မအားလပ်လို့ လူကိုယ်တိုင် ဂရုမစိုက်နိုင်ဘူးဆိုရင်တောင်မှ ဖုန်းဆက်ပြီး ဂရုစိုက်တာဖြစ်ဖြစ် ၊ စာပို့ပြီး ဂရုစိုက်တာဖြစ်ဖြစ် လုပ်ဆောင်တာတွေဟာ သင့်ချစ်သူက သင့်အပေါ်ပိုပြီး ချစ်မြတ်နိုးလာစေမှာဖြစ်ပါတယ်။

၅။ အမှတ်တရတွေကို ဖန်တီးပါ။

နှစ်ယောက်အတူ အမှတ်တရတွေကို ဖန်တီးပါ။ ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးတွေ ဖန်တီးတာပဲဖြစ်ဖြစ် ၊ အမှတ်တရနေ့တွေမှာ အဓိပ္ပါယ်ရှိတဲ့ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်ပေါ့။

ဒီလိုလုပ်ဆောင်တာမျိုးတွေက အမြဲတမ်း ပြန်လည်တွေးတော့ အမှတ်ရနေစေပြီး နှစ်ဦးကြားက သံယောဇဉ်ကို ပိုမိုခိုင်မာစေပါတယ်။

Relationship အတွက် အသုံးဝင်ပါတယ်
Relationship အတွက် အသုံးမဝင်ပါဘူး
Submit

Sort:  

မိန်းခလေးတိုင်းကဂရုစိုက်ပြီးလုပ်ပေးတာမျိုးသဘောကြတယ်

မရှိသေးဘူး bro