ဗုဒ္ဓ ပူဇနိယ ပွဲတော်အတွက်ပြင်ဆင်ခြင်း
Myanmar Steemit သူတော်ကောင်း မိတ်ဆွေ အပေါင်းတို့ "မင်္ဂလာပါ" ဟု နှုတ်ခွန်း ဆက်သပါ၏။ဤ postလေးတွင် ပထမဦးစွာအနေဖြင့် တပေါင်းလ၊ မြတ်စွယ်တော် ဘုရားပွဲ ကျင်းပရန်အတွက် တစ်ဖက် တစ်လမ်းက လိုအပ်သော အကူအညီအား လုပ်ဆောင်ပုံ၊ ဒုတိယအနေဖြင့်ဘုရား ပွဲအတွက် တာဝန် ခွဲဝေယူကြပုံနှင့် ကျုံမငေးမြို့ မြတ်စွယ်တော် သမိုင်းအကြောင်းကို မျှဝေတင်ပြချင်မိပါသည်။

နှစ်စဉ် အတုလဗုဒ္ဓ မဟာစွယ်တော်မြတ် ဘုရားပွဲတော်အား တပေါင်းလ္ဆန်း (၁၂)ရက်နေ့မှ တပေါင်းလပြည့်ကျော်(၄) ရက်နေ့အထိ (၈)ည တိုင်တိုင် ဧရာဝတီတိုင်း၊ဝါးခယ်မမြို့နယ် ကျုံမငေးမြို့တွင် ကျင်းပပူဇော် လျက် ရှိပါသည်။ များမကြာမိတွင် ကျင်းပတော့မည် ဖြစ်သော ဘုရားပွဲ အတွက် ကျွန်ုပ်တို့ ဘုရားလူငယ် အဖွဲ့များ ယခုရက်မှ စတင်ပြီး ဘုရားပွဲမတိုင်မှိ မိမိကျရာ တာဝန်များတွင် အသီးသီး တာဝန်ယူစစ်ဆေးပြင်ဆင် ကြရပါတော့သည်။ ကျွန်ုပ်သည် ဆိမ်းသာမီးလင်းရေးနှင့် ဆီမီးမျှောပွဲတွင် တာဝန်ယူရသော အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
ကျွန်ုပ်တို့မြို့၏ မြေပုံဖွဲ့စည်းပုံ အပိုင်းအစလေးတစ်ပိုင်းဖော်ပြပါမည်။ မြတ်စွယ်တော် ဘုရားတန်ဆောင်းတော်ကြီး
၏လက်ယာ ဘက်တွင် မြို့မလမ်ဟု၍ရှိသည်။ လက်ဝဲဘက်တွင် ပြည့်သူဆေးရုံကြီးလမ်း၊ ကားလမ်း နှင့် အားကစားကွင်းလမ်းရှိသည်။ တန်ဆောင်တော်ကြီး ၏ မျက်နှာမူရာ အရပ်တွင်ဖြင့် မူလတန်းကျောင်းနှင့် ဆိပ် ကမ်းသာလမ်းဟု၍ ရှိပါသည်။ အောက်ဖော်ပြပါ map တွင် ကြည့်ရှူ့၍သိနိုင်ပါသည်။ www.googlemap.com တွင်လည်း သေးစိတ်ကြည့်ရှူ့နိုင်ပြီး kyonmangay ဟုသာ ရိုက်ရှာသငိ့ပါသည်။ အကြောင်းမူကား kyonmange ဟု၍ အာလားတူရှိနေသောကြောင့် ဖြစ်ပါသည်။

ရက်ပိုင်းသာလိုတော့သည်ဖြစ်သော ဘုရားပွဲအတွက် မိမိတို့ ကျရာတာဝန်များကိုဖြင့် ကြိုတင်ပြင်ဆင် စစ်ဆေးကြသည်။ကျွန်ုပ်တို့ဆိပ်ကမ်းသာအဖွဲ့သည် မနှစ်ကအသုံးပြုပြီး သိမ်းဆည်းထားသော လျှပ်စစ် accessories ကိုပြန်လည် ထုတ်ယူကာ မကောင်းသော ပစ္စည်းများပြန်လည်လဲလှဲကြသည်။ လျှပ်စစ်ဝါယာကြိုးများကိုဖြင့် သွယ်တန်းမှူ ပျက်တောက်ချင်းရှိမရှိနှင့် ကြေးနန်းကြိုးများ ပူတွဲလျော့ကျနေမှူ ရှိမရှိအား သေချာစေ့စပ်စွာ စစ်ဆေးပြုပြင်ကြသည်။
တစ်နှစ်အကြာ အသုံးပြုချင်းမရှိဘဲ သိမ်းဆည်းထားသော ပစ္စည်များဖြစ်၍ ဝါယာကြိုးများ၏ တစ်ချို့သောနေရာ များတွင် သွယ်တန်းမှူပျက်တောက်ခြင်းများလည်းရှိသည်။ ထိုကဲ့သို့ ဝါယာကြိုးများအား ဆက်လက်အသုံးပြုခြင်းရ နိုင် မရနိုင်အား စစ်ဆေးပြီး အသုံးပြု၍ ရနိုင်သေးပါက ပြုပြင်မွမ်းမံ ဖာထေးဆက်တောက်ပြီးပြူ်ဆင်ကြသည်။
အချိုသော မီးလုံးလေးများဟာလည်း ဆေးကွာသည်ကတစ်မျိုး၊ ကွဲသည်က ကွဲတစ်ဖုံ အမျိုးမျိုးသော ပြစ်ချက် များကိုလည်း တွေ့ရှိ လဲလှယ်ရသေးသည်။ 5.W မီးလုံးလေးများကို အပြိုင်သွယ်တန်းထားသည်ဖြစ်၍ စမ်းသပ် စစ်ဆေးရာတွင် များစွာအဆင်ပြေသည်ဟု ဆိုရပေမည်...။ဤတွင် မီးလုံးလေးများတပ်၍ မီးစမ်းသောအခါမီးလုံး တပ်ဆင်သော မီးခေါင်းလေးအတွင်း ရှော့ကျနေ၍ မီးခိုးတလူလူ ဖြင့် ညှော်နံတစ်ထောင်းထောင်း ဖြစ်ခဲ့ရသေး သည်။
နေ့လည် နှစ်နာရီ မှစ၍ မီးလုံး ဝါယာကြိုးများ led ကြိုးတန်းလေးများ စစ်ဆေးကြရာ ညနေ ငါးနာရီ သုံးဆယ်မိနစ်တွင် အားလုံး အဆင်ပြေကောင်းမွန်စွာပြီးဆုံးခဲ့တော့သည်။
ဘုရားပွဲ အောင်မြင်စွာ ဖြစ်မြောက်ရန်အတွက် အဖွဲအသီးသီမှ ကျရာတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်ကြရ သည်။ ဘဏ္ဌာထိန်းတာဝန်၊ ဘုရားပွဲ ဆိုင်ခန်းခွဲဝေရောင်းချရေးကော်မတီ၊ ကြီးကြပ်ရေးကော်မတီ၊ ဇာတ်ခုံနှင့် ဇာတ်သဘင် ဆောင်ရွက်ရေး၊ လုံခြုံရေး၊ မီးသတ်၊ လျှပ်စစ်မီးရရှိရေးနှင့် လျှပ်စစ်မီးလင်းရေး အဖွဲများဟု၍ အသီးသီး အဖွဲ့ ၂၀ခန့် ခွဲဝေ ဆောင်ရွက်ကြသည်။
အတုလဗုဒ္ဓ လက်ဝဲစွယ်တော်မြတ်ဘုရားအားကျုံမငေးမြို့တွင် ပူဇော်ပွဲကျင်းပခဲ့သည်မှာ (၁၃၇၃)ခုနှစ်တွင် ၈၃နှစ်တိုင်ဖြစ်ခဲ့ပြီး ဖြစ်ပါသည်။ ဗုဒ္ဓပူဇနိယပွဲတော်အား စတင်လွှဲပြောင်းပေးအပ်ခဲ့သည့်(၁၂၉၀)ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။ကျွန်ုပ်တို့ ကျုံမငေးမြို့တွင် စွယ်တော်မြတ်ကြီးအား ဖူးမျှော်ခွင်ရခြင်း၏ ပဓာန ကျေးဇူးဇူရှင်မှာ ဆရာတော် ဦးဥတ္တမ အရှင်သူမြတ်ပင်ဖြစ်ပေသည်။
သီဟိုဠ် ၌ ရှေးဟောင်းမြို့တော် ကန္ဒီမြို့ (....)ကျောင်းတော်အတွင်းရှိ (ကျောင်းတော်အမည်အားမိမိမှတ်ဥာဏ် နည်းပါး၍ဖော်ပြပေးနိုင်ခြင်းမရှိတော့ပါ)စွယ်တော်တိုက်မှ သစ္စာအဓိဌာန်ပြု၍ပွားယူပူဇော်ခဲ့ခြင်းဖြစ်သည်။ သစ္စာ အဓိဌာန်ပြု၍ တစ်စုတည်းသော စွယ်တော် ကိန်းဝပ်ရာ ရတနာရွှေကျုတ်အတွင်း၌ ရောင်ခြည်တော်ခြောက်ပါးတို့ ဖြင့် အလွန်တင့်တယ်၍ အရွယ် အဆင်း အလျင်းတူသော စွယ်တော်နှစ်ဆူအားဖူးတွေ့ရလေသည်။
ဤလောက်နှင့်မျှ မပြီး အရှင်သည် မိမိနှစ်သက်သော စွယ်တော်အစစ်ကိုသာ ပင့်ယူလို၍ထပ်မံ အဓိဋ္ဌာန် လေသေည်။ဆရာတော် အရှင်သူမြတ်သည် ရိုသေစွာ သစ္စာ အဓိဋ္ဌာန် ပြုတောင်းပန် ပြီးသော် စွယ်တော်ဓာတ်သည် ထူးခြားစွာရတနာ ရွှေကျုတ်အတွင်းမှ ထွက်၍ ဆရာတော်အရှင်သူမြတ်၏ ဦးထိပ်၌ထားသော လက်ဝါးပေါ်ရှိ သင်္ကန်း ထက်သို့ကြွတော်မူလေသည်။
ဤသို့ ဖြင့်ယနေ့ထိ ကျွန်ုပ်တို့ တစ်နှစ်တစ်ခါပူဇော်ဖူးမျှော်ရသော မြတ်စွယ်တော်အားပင့် ဆောင်ယူတော် မူခဲ့သောဆရာတောအရှင် ဦးဥတ္တမအား ကျွန်ုပ်တို့မြို့သူ မြိုသားများ မည်သို့မျှ မေ့မည်မဟုတ်ပါ။"ဆရာတော်၏ ကျေးဇူးကား ကြီးမားလှပါသည်ဘုရား" ။
(ခင်မင်လေးစားစွာဖြင့်-ဖြိုးဇော်ဦး)
Photo by phyozawoo
Writer by phyozawoo
@phyozawooburmes
MSC-071
Good post
Thank
Good writing.
Thank bro.
ဆီမီးမျှောရင် လှမာပဲ အာ့ကျ post ထက်ရေးအုံး ပုံလှတွေနဲ့
သိပ်လှတာပေါ့မမရဲ့ တင်ဦးမှာ ဘုရားဖွင့်တဲ့ရက်ကစ နေ့တိုင်း ပိတ်ရက်ထိ ဆက်တိုက်တင်မယ်မမ.။
စွယ်တော် အကြောင်းလေးသိခွင့်ရတာကျေးဇူးပါ။Good post!
ကျေးဇူးပါ အစ်ကို နောက်ရက်တွေလည်း စွယ်တော် နဲ့ပတ်သတ်တာလေး တင်ပြပေးပါဦးမည်။
Good writing & post
Thank,
ဝိုး လာလည်အုန်းမယ် ကြုံတဲ့အခါပေါ့
ကြိုဆိုပါတယ်အစ်ကို 😊။
thanks for sharing bro
Thank
ကုသိုလ်တွေ တိုးစေပါတယ်။
ဟုတ်ကဲ့
ဆရာတော် ဦးဥတ္တမ ထူးခြားစွာ စွယ်တော်ပင့်ပုံ သိရတာ ကျေးဇူးပါ နော် ..
Upvoted!
ဟုတ်ကဲ့ တီတီ၊နောက်ခါကျ မြတ်စွယ်တော် သမိုင်းအားကိုးကားပြီး အပြည်အစုံတင်ပြပေးပါမယ်။
ဖတ်ရတာအရသာရှိပါပေ၏
ဟုတ်ကဲ့။