ကဲဒီနှစ်သင်္ကြန်မှာ ဘာလုပ်ကြမှာလဲ

in #myanmar7 years ago

သင်္ကြန်ရောက်ပီဆိုတာနဲ့ လူတိုင်းမှာ စိတ်ကူးကိုယ်စီရှိကြမှာပါ။ သင်ကော ဒီနှစ်သင်္ကြန်မှာ ဘာလုပ်ဖို့ စိတ်ကူးထားပါသလဲ။
12-0.jpg
Images Credit - Original Source
12-5.jpg
Images Credit - Original Source
ဒီနေ့မှ မကဲရင် နောက်နေ့ကဲစရာမရှိဘူးဆိုတဲ့ သူငယ်ချင်းတွေရှိသလို တစ်နှစ်လုံး စောင့်ဆိုင်း၊ ငွေစုပြီး ခရီးသွားမယ်လို့ကြံစည်ထားတဲ့ ခရီးသွားဒိုင်ယာရီ ရေးမယ့်သူငယ်ချင်းတွေလည်းရှိကြမှာပါ။
တစ်ချို့ကတော့ သင်္ကြန်ဟာ အနားယူလို့အကောင်းဆုံးအချိန်လို့ သတ်မှတ်ထားသူတွေဖြစ်ပြီး လုံးဝအေးအေးဆေးဆေး နေကြပါတယ်။ တစ်နှစ်တာ စိတ်ဖိစီးထားသမျှကို ဖြေလျှော့ကာ ဘာမှမလုပ်ပဲ ဧည့်ခန်းထဲမှာ အဲကွန်းလေးဖွင့်၊ Coca-Cola လေးသောက်ရင်း ရုပ်ရှင်၊ တီဗွီအစီအစဉ်တွေကြည့်ရင်း အိမ်မှာနားနေရတာကို ပိုနှစ်သက်ကြပါတယ်။ VIP မဏ္ဍပ်မှာထိုင်ရမယ်ဆိုရင်ပြီး၊ သူငယ်ချင်းတွေ အိမ်ထိလာခေါ်တာတောင် တုတ်တုတ်မလှုပ်ပဲ အဖြေက အမြဲ “No” ပါ။
ဘာသာရေးလိုက်စားတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းသွား ဒုလ္လဘရဟန်းဝတ်၊ ကုသိုလ်ကောင်းမှုတွေလုပ် တရားဘာဝနာတွေပွါးပြီး အေးချမ်းစွာနေကြတဲ့ အမျိုးသားတွေရှိသလို သင်္ကြန်ရက်တိုင်း ဥပုသ်သီလစောင့် ဒါနသီလတွေ ပြုလုပ်ကြတဲ့ အမျိုးသမီးတွေလည်းရှိမှာပါ။ သူတို့ကတော့ လေးစားစရာကောင်းပါတယ်။
DSC_0094.JPG
Images Credit - Original Source
တစ်ချို့ကျပြန်တော့လည်း ဘယ်နေရာမှာ အလန်းဆုံး Party တွေရှိနေလဲဆိုတာ သိတဲ့သူတွေဖြစ်ပြီး မြို့ထဲက Party တွေကို လျှောက်သွားဖို့ အကောင်းဆုံးလမ်းကြောင်းကို စဉ်းစားထားကြတယ်။ မနက်ပိုင်းမှာတော့ မဏ္ဍပ်မှာကဲပြီး နေ့လည်ပိုင်း မဏ္ဍပ်တွေ ခဏနားချိန်မှာတော့ ကန်တော်ကြီးပန်းခြံ၊ ကရ၀ိတ်ဥယျာဉ်အမှတ် ၁၊ ရန်ကုန်မြို့မှာရှိတဲ့ နွေးထွေးတဲ့ ပတ်ဝန်းကျင်၊ တက်ကြွစေမယ့်သီချင်းတွေ၊ စိတ်လှုပ်ရှားစရာ အထူးအစီအစဉ်တွေဆင်နွှဲဖို့ သွားလည်မယ့်သူတွေပါ။ သာမန်သင်္ကြန်ချစ်သူတွေ ကတော့ ပွဲပြီးတာနဲ့ အိမ်ပြန်သင့်ပြီလို့ထင်ကြပေမဲ့ ပွဲကြိုက်ခင်/မောင် တွေကတော့ တစ်နေရာရာမှာ သီချင်းသံတွေ ကြားနေရရင်ကို ဘယ်တော့မှ အိမ်ပြန်မှာ မဟုတ်ပါဘူး။
ခရီးသွားရတာဝါသနာပါတဲ့သူတွေကတော့ “လှပလွန်းတဲ့ခရီးလမ်းကို လမ်းမပျောက်ဖူးပဲ ရှာဖွေမတွေ့နိုင်ဘူး” လို့ပြောလေ့ရှိပြီး ပိတ်ရက်ဆိုတဲ့အသံ ကြားလိုက်တာနဲ့ ခရီးထွက်ဖို့အဆင်သင့်ပဲ။ သူတို့တွေဟာ သင်္ကြန်တွင်း ခရီးသွားဖို့အတွက် တစ်နှစ်ပတ်လုံးပိုက်ဆံစုကြတယ်။
12-2.JPG
Images Credit - Original Source
အလွယ်တကူ ချောင်းသာ ငွေဆောင် ငပလီ စတဲ့ ပြည်တွင်းကမ်းခြေတွေ ရေတံခွန်တွေဆီ သွားပြီး ရေကစားကြတယ်။ အိမ်နီးချင်းနိုင်ငံကို Shopping ထွက်တတ်ကြတယ်။ ပိုက်ဆံအများကြီးရှိရင် ဥရောပအထိ ခရီးနှင်ကြတယ်။
ဖက်ရှင်ကျသူတို့တွေဟာ သင်္ကြန်မှာ ဝတ်မယ့် ဖက်ရှင်ကို သေသေချာချာ ကြိုတင်ပြင်ထားသူတွေဖြစ်ပါတယ်။ လိုအပ်ရင် shopping ထွက်တယ်၊ သူငယ်ချင်းတွေဆီက တောင်းတယ်။ ဖက်ရှင်ချစ်သူဟာ အင်တာနက် နှင့် Facebook ပေါ်ကဖက်ရှင်တွေကို မှီငြမ်းကာ ရောင်စုံ မျက်မှန်တပ်၊ လက်ထဲမှာ Coca-Cola ခွက်ကိုကိုင်ပြီး အပြတ် လန်းကြမယ့်သူမယ့်သူတွေပေါ့။
12-4.jpg
Images Credit - Original Source
12-44.jpg
Images Credit - Original Source
သင်္ကြန်ဟာ တစ်ချို့သူတွေအတွက်ကတော့ နှစ်သစ်ကိုကြိုဆိုတာတစ်ခုတည်းမဟုတ်ပဲ ချစ်သူရည်းစားရှာဖို့အချိန် ဖြစ်လို့နေပါတယ်။ သူတို့ နှဖူးမှာ ရည်းစားအလိုရှိသည် လို့ရေးထားသလိုလိုပါပဲ။ Crush တွေအများကြီးရှိတဲ့သူ၊ လွယ်လွယ်ကူကူ ချစ်တတ်တဲ့သူတို့ဟာ မဏ္ဍပ်တိုင်း၊ကားတိုင်းမှာ ဖူးစာဖက်ကို ရှာဖွေနေသူတွေဖြစ်ပါတယ်။ နှစ်သစ်အတွက် အချစ်သစ်ပေါ့။
တစ်ချို့ကလည်း ပွဲတိုင်းကျော်ပေါ့။ ဟိုမှာလည်းသူ၊ ဒီမှာလည်းသူ။ မြို့ထဲမှာ လုပ်သမျှ အစီအစဉ်တိုင်းမှာ သူပါဝင်ပြီး နေရာတိုင်းမှာ ရှိချင်သူဖြစ်ပါတယ်။ နှစ်ကိုယ်ခွဲပြီးသာ သွားလို့ရရင်သွားမယ့်သူမျိုးပါ။ မဏ္ဍပ်ဆိုလည်း နာရီဝက်လောက်ထိုင်မယ်။ ကားနဲ့လည်း မိနစ် ၄၀ လောက်လည်မယ်။ Coca-Cola အေးအေးလေး ဝင်သောက်ဦးမှာ။
တစ်နှစ်လုံး မခွဲပဲအမြဲတွဲနေတဲ့ အချစ်ငှက်လိုစုံတွဲတွေဟာ သင်္ကြန်ကာလအတွင်းမှာလည်း ခွဲနေမှာမဟုတ်ပါဘူး။ စုံတွဲအကျီ င်္ဝတ်ပြီး ဘယ်သွားသွား အတူမခွဲတစ်တွဲတွဲနဲ့မို့ အလွယ်တကူမှတ်မိလွယ်နေမှာ သေချာပါတယ်။ သူတို့အတွက် အအေးဝယ်ပေးရင်တောင် နှစ်ဘူးဝယ်ပေးရမှာ။ မဏ္ဍပ် လက်မှတ်ဝယ်ရင်လည်း နှစ်စောင်။ စွယ်တော်ရွက်လေးလိုပေါ့။
12-9.jpg
Images Credit - Original Source

@steemitarrman

Sort:  

တရက်လောက်တော့လည်ဖြစ်မယ်ထင်တယ်

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch