တီကောင်တွေ၏ သက်ရှိဘ၀နှင့် နေထိုင်မှု့အကြောင်း အပိုင်း-၂ ( life and Habitat of Earthworms Part - 2 )
တီကောင်တွေ၏ သက်ရှိဘ၀နှင့် နေထိုင်မှု့အကြောင်း အပိုင်း-၂ ( life and Habitat of Earthworms Part - 2 )
ဒုတိယပိုင်းမှာတော့ တီကောင် (Earthworms) တွေ၏ ပုံစံ နှင့် ပါဝင်တဲ့အကြောင်းအရာတွေကို လေ့လာကြည့်ရအောင်
တီကောင်တွေဟာဆိုရင် သူတို့၏ မျိုးစိတ်ပေါ်မှာ မှီခိုကြပြီးတော့ သက်တမ်းရင့်တဲ့ တီကောင်တွေဟာဆိုရင် ၄င်းတို့၏ အလျားများမှာ 10 mm လက်မ အနေအနဲ့ပြောရင်တော့ ( 0.39 လက်မ ) ခန့်ရှိပါတယ်။အချို့ကလည်း တီကောင်တွေ၏ အကျယ် 1 mm ( 0.98 ) လက်မ ရှိနိုင်ပြီးတော့ အလျားဟာဆိုရင် 3 m ( 9.8 ပေ ) အထိ ရှိနိုင်ပါတယ်။ 1mm ( 0.98 ) လက်မ ကနေမှ 25mm ( 0.98 လက်မ ) အထိ ကျော်လွန်နိုင်ပါသေးတယ်။ဒါပေမဲ့ ပုံမှန်အားဖြင့် မျိုးစု (Genus) အမည် Lumbricus နှင့် မျိုးစိတ်အမည် (Species)
terrestris ဖြစ်တဲ့ တီကောင်ကတော့ 360 မီလီမီတာ ( ၁၄ လက်မ ) ခန့်အထိ ရှည်လျားနိုင်ပါတယ်။အရှည်လျားဆုံးဟု ယူဆနိုင်ဖွယ်ရှိတဲ့ တီကောင်မျိုးစိတ်ဖြစ်တဲ့ ကို Amynthas mekongianus မှတ်တမ်းထဲမှာ တွေ့ရှိရတာကတော့ 3 m ( 10 ပေ ) ထိဖြစ်ပါတယ်။၎င်းတီကောင်တွေကို အရှေ့တောင် အာရှဒေသ မှာရှိတဲ့ မဲခေါင်မြစ်ဝှမ်း 4,350 ကီလိုမီတာ ( 2,703 မိုင် ) တစ်လျောက် တွေ့ရှိရတတ်ပါတယ်။
Lumbricus terrestris
တီကောင်တွေ၏ ပုံစံကို အရှေ့ကနေမှ အနောက်သို့ လေ့လာကြည့်မယ်ဆိုရင် တီကောင်တွေရဲ ယေဘုံယျ ပုံစံကတော့ ဒုလုံးချွန် ပြွန်ပုံစံ ရှိပါတယ်။အဆစ်တွေဟာဆိုရင် အတန်းလိုက် အစီအရီရှိပြီးတော့ metamerisms လို့ခေါ်ဆိုပါတယ်။၎င်း အဆစ်တွေကို တီကောင်တွေ၏ ခန္တာကိုယ်ပေါ်တွင် အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပါသည်။
( Peristominum ) ဟု ခေါ်သော ပထမဆုံး အဆစ် တစ်ခုဟာ တီကောင်၏ ပါးစပ်ပေါက် ( mouth ) နေရာဖြစ်ပါတယ်။ ပါးစပ် နေရာကို ဖုံးအုပ်ထားသော အသားဖုလေး တစ်ခု သည် ပထမဆုံးအဆစ်ဖြစ်တဲ့ (peristominum) ကို ဖုံးအုပ်ထားတဲ့ အသားဖုဖြစ်တဲ့အတွက် ( prostomium ) ပထမဦးဆုံးအဆစ်ရှေ့ အသားဖု ဟုခေါ် ပါသည်။အဆစ် နံပါတ် ၅ ကနေမှ ၉ အထိ အဆစ်တစ်ခုခြင်း၏ ကြားပိုင်းများတွင် သုတ်လှောင်အိတ် အပေါက်ကလေး ၄ စုံရှိသည်။အဆစ်နံပတ် ၁၈ မှာ တော့ အဖို လိင် အင်္ဂါ တစ်စုံ ရှိပါတယ်။ အဆစ်နံပတ် ၁၇ နှင့် ၁၉ မှာ တော့ လိင်အင်္ဂါ ဖု တစ်စုံစီရှိ ပါတယ်။
တီကောင်တွေ၏ ဘေးဘက်တွင် Setae ဟု ခေါ်သော အမွှေးမျှင်ကလေးများ ရှိပါသည်။ ဆူးမျှင်ဟုတ်လည်း ခေါ်ဆိုပါ သေးသည်။၎င်း Setae (ဆူးမျှင်) များသည် ပါးစပ် (mouth ) နှင့် စအို ( anus ) ကလွဲပြီး ကျန်သော အဆစ်များတွင်သာ ပါရှိပါသည်။၎င်း ဆူးမျှင်များသည် တီကောင်များ အပင်တွေပေါ် သွားလာတဲ့အခါမှာ ကုပ်တွယ်သွားနိုင်ရန်အတွက် အသုံးပြုပါသည်။၎င်း setae (ဆူးမျှင် ) များသည် တီကောင်မျိုးစိတ်အများစုတွင် အဆစ်တစ်ခုခြင်းစီတွင် လေးစုံ ခန့်ပါရှိနေတတ်ပြီး အချို့သော တီကောင်မျိုးစိတ်များတွင် ရှစ်စုံအထိ ပါရှိနေတတ်သည်။ အခြားတီတောင်များတွင်လည်း ၄င်း setae (ဆူးမျှင်) များသည် တီကောင်စက်ဝိုင်းပုံ အဆစ်ကိုယ်ထည် တစ်ခုလုံးကို အပြည့် နေရာယူထားတတ်ပါသည်။၎င်း Setae (ဆူးမျှင်) များသည် ပါးစပ် (mouth ) နှင့် စအို ( anus ) ကလွဲပြီး ကျန်သော အဆစ်များတွင်သာ ပါရှိပါသည်။
တီကောင် တွေသည် စိုက်ပျိုးရေး လုပ်ငန်းအတွက် အလွန်အသုံးဝင်ပါသည်။၎င်းတို့ စားသုံးလိုက်တဲ့ အစားအစားကို အညစ်အကြေးအဖြစ် ( waste product ) ပြန်လည် စွန့်ထုတ်လိုက်သော အရာသည် စိုက်ပျိုးရေး လုပ်ငန်းများ အတွက် အလွန်အသုံးဝင်သော မြေသြဖာ တစ်မျိုးဖြစ်စေပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ
ကျနော်တင်သော အကြောင်းအရာသည် တစ်စုံတစ်ရာ အမှားပါရှိလာပါက ကျနော်၏ လေ့လာမှု အားနည်းခြင်းကြောင့်သာဖြစ်သောကြောင့် နားလည်ခွင့်လွတ်ပေးစေလိုပါသည်။
Original Writer By @steemloverr
Credit Image >>> Google Image
တီ ကောင်မကိုင်ရဲလိုငါးမများဘူး ဟီး ခုမှ တီ စုံအကြောင်းဖတ်ဖူးတာ
တီကောင်က ဈေးကောင်းရတယ် မတင်မိလိုက်တာ part 3 မှာ ထပ်ရေးမယ်
nice artical
Thanks you
ကြော်ကျွေးပါမယ်ဆို ဆက်တုံးလား ဟီး
ဟီးးးဒေါ်လာ 13 သန်းလောက် တန်တဲ့ အစားစာဖ်ြပေမဲ့ စားဝူးးးးး
This is truly remarkable.
Good knowledge.
ကျေးဇူးပါ ကိုညီ
Good broရေ
ကျေးဇူး ကိုရှိန်း