My Poem for Steemit
သိမ်းဆည်းထားသော အလွမ်းများ
မနက်လင်းလို့ အိပ်ရာနိုးတိုင်း
သူ့ မက်ဆေ့လေးများရောက်နေမလားလို့
ယောင်ယမ်းကြည့်မိရင်း
မလွမ်းဘူး ..
မျက်နှာသစ်လို့သွားတိုက်ခါနီး
ဆင်တူသွားတိုက်တံလေးမြင်တိုင်း
မလွမ်းဘူး …
ကျောင်းသွားဖို့ ပြင်ဆင်ပြီးတိုင်း
အရောင်တူ နာရီလေးကို ပတ်ရင်း
မလွမ်းဘူး …
လက်ဘက်ရည်ဆိုင်ထိုင်တိုင်း
နင်မကြိုက်တဲ့ စီးကရက်ဖွာ
မလွမ်းဘူး …
ခေါ်ဆိုမှုတွေဆိတ်သုန်းနေတဲ့
ဟန်းဖုန်းလေးကိုဘေးချ
ဘယ်အချိန်များ နင်အပြုံးလေးနဲ့ပေါ်လာမလဲလို့
မလွမ်းဘူး …..
နင့်နေနိုင်မှုတွေ ဥပက္ခာတွေကြား
ဖိတ်တဝက် စင်တဝက်
အိမ်မက်တွေနဲ့
မလွမ်းဘူး …
အိပ်ရာဝင်ခါနီးတိုင်း မေတ္တာပို့
သူမ ကျန်းမာ ရွှင်လန်းဖို့ ဆုတောင်း
တကယ် မလွမ်းဘူး ….
Wai Hin Oo
A HFS-15
Beautiful poem. We can share our thoughts through poem. What ever in our mind. And it sounds nice for everyone. I also sometimes post some poem and I feel happy thank you for sharing your thoughts through your beautiful poem.
Do it
good poem လေးနော်
Right
ကဗျာလေးတွေအရမ်းကောင်းလိုဆက်ရေးစေချင်တယ်
မလွမ်းလို့ သာပဲ
မလွမ်းသာပါဘူးဂျာ...
Congratulations @waihinoo! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
ကဗျာလေး ကောင်းလိုက်တာ