7 Reasons To Visit Singapore

in #myanmar8 years ago

စင်ကာပူမှာ သွားလည်သင့်တဲ့အချက် (၇) ချက်
###############################
အကြိမ်ကြိမ်ထပ်ကာ ထပ်ကာ သွားလည်ဖို့ ထိုက်တန်တဲ့တိုင်းပြည်တစ်ခုပြပါဆိုရင် ၊ စင်ကာပူကိုပဲပြရမှာ သံသယ ရှိစရာမလိုပါ ။ ဒီမြို့ ပြနိုင်ငံလေးဟာ လေးနှစ်ကိုတစ်ကြိမ်လောက် လုံးဝအသွင်အပြင်ပြောင်းလဲသွားတတ်လို့ အပြောင်းအလဲလည်း အရမ်းမြန်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် ။ တနည်းပြောရရင် ၊ သင့်အနေနဲ့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်က စင်ကာပူကို ရောက်ဖူးခဲ့တယ်ဆိုရင် ၊ နောက်တစ်ကြိမ်ပြန်သွားဖို့ အားလုံးကိုအသစ်တဖန်ပြန်ခံစားကြည့်ဖို့ အကြောင်းပြချက်ကောင်းကောင်းတစ်ခုက ရှိနေတာပါပဲ။
စင်ကာပူဟာ သန့် ရှင်းမှုနဲ့ စိမ်းလန်းမှုတို့ က သူငယ်ချင်းကောင်းသဖွယ်ဒွန်တွဲတည်ရှိနေတဲ့ အံ့ဖွယ်တိုင်းပြည်ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေအတွက်လည်း စိတ်ဝင်စားစရာအများကြီးရှိပါတယ်။ ထိပ်တန်းစာရင်းစီရရင် စင်ကာပူဟာ ကမ္ဘာပေါ်က အလှပဆုံးနေရာတွေထဲက တစ်ခုပါပဲ။ စင်ကာပူကိုလေယဉ်နဲ့ ရောက်လာခဲ့ရင်ကိုပဲစင်ကာပူရဲ့ ချန်ဂီးလေဆိပ်ဟာကမ္ဘာ့အကောင်းဆုံးလေဆိပ်တွေထဲက တစ်ခုဖြစ်လို့ ၊ ထူးခြားတဲ့ အတွေ့ အကြုံကိုခံစားရမှာပါ။ အမှန်အတိုင်းပြောရရင် ဒီလိုလှပတဲ့ခေတ်မီမြို့ တော်ကို သွားရောက်လည်ပတ်သင့်တဲ့အကြောင်းရင်းတွေ အများကြီးတောင်ရှိနိုင်ပေမဲ့  စင်ကာပူကို ဘာ့ကြောင့်သွားလည်သင့်တယ်လို့ သတ်မှတ်ထားတဲ့ ထိပ်တန်းအကြောင်းရင်း ၇ ချက်ရှိပါတယ်။

၁ ။ ထူးခြားကောင်းမွန်တဲ့ ညဘဝ Night Life ခံစားနိုင်ခြင်း
စင်ကာပူမှာ ညပိုင်းအပြင်ထွက်လည် ၊ ညဘဝခံစားချင်တယ်ဆိုရင် မြို့ လယ်ခေါင်မှာရှိပါတယ် ။ တစ်ညလုံးကခုန်ပျော်ရွှင်နိုင်တဲ့ Zouk လို့ ခေါ်တဲ့ ကလပ်တစ်ခုရှိပြီး ၊ သင်ကံကောင်းရင် David Guetta သို့ မဟုတ် Martin Garrix တို့ လို နာမည်ကြီးအကောင်းဆုံး ဒီဂျေတွေရဲ့ တင်ဆက်မှုတွေကိုတောင် ကြုံတွေ့ ခွင့်ရနိုင်မှာဖြစ်ပါတယ် ။ ရှုခင်းကောင်းတဲ့နေရာတစ်ခုခုကို စိတ်ဝင်စားတယ်ဆိုရင်လည်း စင်ကာပူမှာ တိုက်ထိပ်ဆုံးထပ်ခေါင်းမိုးထပ်မှာဖွင့်ထားတဲ့ rooftop bar တွေ ရှိပါတယ်။ ဒါ့ကြောင့် သွားလည်ဖြစ်အောင် လည်ကြည့်စေလိုပါတယ်။ ဒါပေမဲ့ကိုယ်က ရိုမန်တစ်နည်းနည်းဆန်ချင်တယ် ၊ ပင်လယ်နဲ့ လည်း နီးနီးမှာ ရှုခင်းခံစားချင်တယ်ဆိုရင် Marina Bay Sands ( ဒီ ခေါင်မိုးထပ်ဘားက စင်ကာပူမြို့ တော်တစ်ခုလုံးကို မြင်ကွင်းကျယ်ကြည့်နိုင်တဲ့နေရာဖြစ်ပါတယ်) နဲ့  Clarke Quay ဘားတို့ ဟာ သင် မသွားမဖြစ် သွားကိုသွားရမယ့်နေရာကောင်းတွေပါပဲ။ Zouk Singapore Clarke Quay

၂ ။ စားသောက်ဖို့ အကောင်းဆုံးနေရာတွေ
အစားအသောက်တွေကတော့ သင့်စိတ်ကြိုက် တစ်နပ်ကို စင်ကာပူ ၄ ဒေါ်လာတန်ကနေ Michelin star typeပုံစံမျိုးအထိ ဈေးအမျိုးမျိုးရှိပါတယ်။ ကိုယ်က စပယ်ရှယ်အစားအသောက်တွေစားချင်တယ် ၊ ဖြစ်နိုင်သမျှလည်း ပုံစံအမျိုးမျိုးကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင် စင်ကာပူက သင့်စိတ်ဆန္ဒကို ဖြည့်ဆည်းပေးမှာပါပဲ။ ခြင်္သေမြို့ တော်ထဲမှာ ထဲထဲဝင်ဝင်လေ့လာကြည့်လိုက်မယ်ဆိုရင် အစားချစ်သူတို့ အတွက် စားသောက်ဖွယ်ရာအမျိုးမျိုးရှိတဲ့စွန့် စားခန်းတစ်ခုက စောင့်ကြိုနေမှာပါ ။ သင်ဟာ အီတာလျံအစားအစာကိုနှစ်သက်တယ်ဆိုရင် Basilico လို့ ခေါ်တဲ့ အီတာလျံစာကို ဘူဖေးရောင်းတဲ့ဆိုင်ရှိပါတယ်။ ဒီစားသောက်ဆိုင်ကထွက်လာတာနဲ့ သင်ဟာ အီတာလျံစကားကို စ ပြောချင်လာပါလိမ့်လို့ တောင် အာမခံပါတယ်။ အာရှအစားအစာနှစ်သက်သူတွေအတွက်တော့ Lime စားသောက်ဆိုင်က သွားသင့်တဲ့နေရာတစ်ခုပါ။ ဂျပန်စာမှ နှစ်သက်တယ်ဆိုရင်လည်း စိတ်မပူပါနဲ့ ။ Ikoi လို့ ခေါ်တဲ့ ဂျပန်ဟင်းလျာစစ်စစ်တွေကို ဂျပန်ပုံစံ အဆင်အပြင်နဲ့ ပြီးပြည့်စုံစွာခံစားနိုင်တဲ့ စားသောက်ဆိုင်ရှိပါတယ်။ Maxwell Food Centre

၃ ။ လှည့်လည်ကြည့်ရှုလို့ ကောင်းတဲ့ ချစ်စဖွယ်ရပ်ကွက်နေရာတွေ
မိုးမျှော်တိုက်ကြီးတွေနဲ့ ယဉ်ကျောကြပ်တဲ့ကားလမ်းတွေက ထွက်လိုက်ပါ ။ စင်ကာပူမှာ ခေတ်မီမှုနဲ့ အစဉ်အလာတို့ ထိပ်တိုက်တွေ့ ဆုံနေတဲ့ ထူးခြားတဲ့ရပ်ကွက်နေရာတွေကို သွားလည်နိုင်ပါတယ် ။ တရုတ်တန်း၊ Dempsey Hill ၊ Tiong Bahru သို့ မဟုတ် Bugis မှာရှိတဲ့ Haji လမ်းတို့ ဟာ စင်ကာပူကိုရောက်လာရင် ချန်မထားသင့်ဘဲ မသွားမဖြစ် သွားရောက်လေ့လာသင့်တဲ့ ထူးခြားလှပတဲ့ ချစ်စဖွယ်နေရာတွေပါ။ ဒါတွေအပြင် သင်ဟာ အဲ့ဒီနေရာတွေမှာ လမ်းမြှောင်လေးတွေအများကြီးနဲ့ အစဉ်အလာဗိသုကာလက်ရာအမွေအနှစ်တွေရှိတဲ့ ရှေးဟောင်းဈေးဆိုင်ဟောင်းလေးတွေကိုပါ တွေ့ နိုင်ပါသေးတယ်။ Haji Lane Tiong Bahru Market Bugis Street

၎ ။ အားကစားပွဲများ
ဒီ ၂၀၁၇ ဟာဆိုရင် စင်ကာပူမှာ ပုံမှန်ကျင်းပလေ့ရှိတဲ့ ဖေါ်မြူလာဝမ်း(Formula 1) စင်ကာပူ ဂရင်းပရီကားမောင်းပြိုင်ပွဲ၁၀ နှစ်ပြည့် နှစ်ပတ်လည်ပါပဲ။ ပုံမှန်အတိုင်းပဲ ပြိုင်ပွဲကို မရီနာဘေး ပတ်လမ်းမှာ ကျင်းပလေ့ရှိတာမို့ ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမယ့် ဖေါ်မြူလာဝမ်းကားမောင်းပြိုင်ပွဲကိုလည်း လက်လွှတ်မခံဘဲ ကြည့်သင့်ပါတယ်။ တခြား အားကစားပြိုင်ပွဲတွေထဲကဆိုရင် နာမည်ကျော် WTA တင်းနစ်ပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲ Women's Tennis Association (WTA) Finals တွေကိုလည်း သွားကြည့်နိုင်ပါသေးတယ်နော်။ Singapore Grand Prix

၅ ။ စိတ်ကိုလန်းဆန်းနိုးကြားစေမယ့် အစိမ်းရောင်သဘာဝပတ်ဝန်းကျင်နေရာများ
စင်ကာပူဟာ သဘာဝပတ်ဝန်းကျင်အခြေပြု ခရီးသွားဆွဲဆောင်မှုနေရာတွေနဲ့ အနှိုင်းမဲ့နေရာတစ်ခုလည်းဖြစ်ပါသေးတယ်။ ရုက္ခဗေဒ ဥယျာဉ် Botanic Gardens ၊ မရီနာပင်လယ်အော်နားက ဥယျာဉ်တွေ ၊ Pulau Ubinက သစ်တောရိုင်းတွေနဲ့  စင်ကာပူတိရစ္ဆာန်ဥယျဉ်တို့ တို့ ဟာ ဒီလိုမျိုး သဘာဝအခြေပြုဆွဲဆောင်မှုရှိတဲ့ ပတ်ဝန်းကျင်နေရာတွေပါ။ ပန်းမန်ချစ်သူတွေအတွက်လည်း အဲ့ဒီနေရာတွေအားလုံးမှာ သဘာဝပန်းအလှတွေကိုခံစားနိုင်ပါသေးတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို တကယ်မြတ်နိုးခံစားချင်တယ်ဆိုရင် စင်ကာပူကို လာလည်ပါလို့ ပဲ ပြောပါရစေ။ Gardens by the Bay Singapore Botanic Gardens Singapore Zoo

၆ ။ ပန်းချီပြခန်းများ
သင့်အနုပညာအတွက် အာရုံနိုးကြားမှုရစေဖို့ ၊ ဖန်တီးမှုစွမ်းရည်တွေ စီးဆင်းစေဖို့ အတွက်ကတော့ Art Science Museum နဲ့ Gillman Barracks တို့ လို ပြခန်းပြတိုက်တွေကို ကျိန်းသေပေါက်သွားရောက်လည်ပတ်သင့်ပါတယ်။ Art Science Museum ကတော့ ကြာပွင့်ပုံအဆောက်အဦးတစ်ခုဖြစ်ပြီး ပန်းချီအနုပညာလက်ရာစုံထားရှိသလို ၊ Gillman Barracks ကတော့ သူ့ နာမည်အတိုင်း ကိုလိုနီခေတ်လက်ရာစစ်စခန်းတစ်ခုဖြစ်ကာ အခုတော့ အနုပညာလက်ရာတစ်ခုအဖြစ် အသွင်ပြောင်းထားတဲ့နေရာဖြစ်လို့ နေပါပြီ။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ ၊ သွားလည်သင့်တဲ့အရေးပါတဲ့နေရာတစ်ခုကတော့ စင်ကာပူအမျိုးသားပန်းချီပြခန်း
National Gallery Singapore ဖြစ်ပါတယ်။ ဒီပြခန်းမှာ အရှေ့ တောင်အာရှ နာမည်ကျော်ပန်းချီဆရာတွေရဲ့ လက်ရာတွေကို စုစည်းထားတဲ့အကြီးမားဆုံးစုဆောင်းမှု ရှိပါတယ်။ နောက်ပြီး ယုံချင်ယုံ ၊ မယုံချင်နေ ၊ ဒီပြခန်းမှာ ၁၀ ရက်တာအောင် ခင်းကျင်းပြသလေ့ရှိတဲ့ ပန်းချီပြပွဲလည်း ရှိပါသေးတယ်။ National Gallery Singapore ArtScience Museum

၇ ။ ကြီးကျယ်ခမ်းနားဟိုတယ်ကြီးများ
ဇိမ်ကျကျ အဆင့်မြင့်မြင့်နေဖို့ က သင့်အတွက် အရေးကြီးတယ် ၊ ထူးခြားတဲ့ အတွင်းခန်းအပြင်အဆင်ဒီဇိုင်းတွေနဲ့ အလှဆင်ထားတဲ့ ခမ်းနားတဲ့ဇိမ်ခံဟိုတယ်ကြီးတွေမှာမှ တည်းခိုချင်တယ်ဆိုရင် စင်ကာပူမှာ သင့်ရည်မှန်းချက်တွေ ပြည့်ဝစေရမှာပါ။ Sofitel So Singapore သို့ မဟုတ် Wangz လို့ ခေါ်တဲ့ ဟိုတယ်ကြီးတွေမှာသင် အထက်တန်းကျကျ တည်းခိုနိုင်ပါတယ်။ ဒါ့အပြင် ၊ Hotel Jen Orchard ကလည်း ဘူတာရုံနဲ့ ကပ်လျက်ဖြစ်သလို ရုက္ခဗေဒဥယျာဉ်၊ မာရီနာပင်လယ်အော်တို့ နဲ့ လည်း လေးကီလိုမီတာလောက် လမ်းလျှောက်သွားရင် ရောက်တဲ့အကွာအဝေးမှာ ရှိပါတယ် ။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ဟိုတယ်ကြီးတွေမှာ တစ်ကြိမ်တည်းခိုပြီးသွားရင် သင့်အနေနဲ့ မပြန်ချင်လောက်အောင်ဖြစ်ရမှာဖြစ်သလို ၊ နောက်ထပ်တစ်ကြိမ် လာရောက်တည်းချင်စိတ်လည်း အမြဲဖြစ်နေရမှာပါ။

ကဲ ၊ အခုဆိုရင် စင်ကာပူကို ဘာ့ကြောင့်သွားလည်သင့်တယ်ဆိုတဲ့ ရိုးရှင်းတဲ့အကြောင်းရင်း ၇ ချက်ကို ဖေါ်ပြလိုက်ပါပြီ ။ သင့်ဘက်ကလုပ်ရမှာကတော့ ဒီ ခြင်္သေမြို့ တော်မှာ ညဘဝကို ပြည့်ပြည့်ဝဝခံစားဖို့ ၊ အရသာရှိလှတဲ့အစားအသောက်မျိုးစုံကို စိတ်လှုပ်ရှားဖွယ်စားသောက်ဆိုင်မျိုးစုံမှာ သွားရောက်မြည်းစမ်းဖို့ တွေပါပဲ။ ဒါ့အပြင် လမ်းညွှန်ထားတဲ့ အမှတ်တရနေရာတွေ ၊ အားကစားပွဲတွေ ၊ ပန်းချီပြခန်း ပြတိုက် အမှတ်တရနေရာတွေကိုလည်း သွားလည်ဖြစ်အောင် လည်ကြည့်ပါနော် ။ စင်ကာပူဟာ စိတ်အားတက်ကြွလန်းဆန်းပျော်ရွှင်စေမယ့်နေရာတစ်ခုပါ ၊ ဒါ့ကြောင့် သွားဖြစ်အောင် သွားကြစို့  လက်မလွှတ်ပါနဲ့ လို့ ။

7 Reasons To Visit Singapore ![image]

Sort:  

Congratulations @yannaingkoko! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thanks.Steemit Team

i have visited singapore and i must say it was an amazing experience
everybody should visit singapore at least once in a life time