Credit Card. အကြောင်း .....
မြန်မာနိုင်ငံတွင် မနှစ်ကစ၍ Credit Card များ အလွန်များပြားလာတာ ကျွန်ုပ်တို့တွေ့မြင်ရပါသည်။
Credit Card တွေဘယ်လို အလုပ်လုပ်သလဲ နှင့် အတိုးဘယ်လိုတွက်သလဲဆိုတာ မသိချင်ကြဘူးလား။
Finance Professional တစ်ယောက် အနေဖြင့် လေ့လာကြည့်ကြရအောင်...
မြန်မာနိုင်ငံတွင် Credit Card များ အလျှင်အမြန် များပြားလာခြင်း
မြန်မာနိုင်ငံတွင် လူတော်တော်များများသည် Credit Card(အကြွေးဝယ်ကဒ်) များ ဘယ်လိုအလုပ်လုပ်သလဲ၊ Credit Card ကို အတိုးဘယ်လိုတွက်သလဲဆိုတာကို မသိကြသူများနေပါသေးတယ်။ ဘဏ်များသည် credit card လုပ်ငန်းများကို ချဲ့ထွင်လာသည်နှင့်အမျှ ဘဏ်များသည် ပို၍များသော credit card များ ထုတ်ပေးလာပါလိမ့်မည်။ ထိုမှတဆင့် အလုပ်များသည်လည်း ထိုcredit card နှင့် ပတ်သက်လာရပါလိမ့်မည်။ ထို့ကြောင့် အကယ်၍ ထိုသောအလုပ်များနှင့်ပတ်သတ်မည့် အင်တာဗျူးများကို သွားရတော့မယ်ဆိုရင်တော့ credit card တွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ လေ့လာထားဖို့ အရေးကြီးကြောင်းကို Financial Thutha မှ မှတ်ချက်ပေးချင်ပါသည်။
ယေဘုယျအားဖြင့် credit cardများဆိုသည်မှာ သင်အသုံးပြုသည့်အပေါ်မူတည်၍ သင့်ကို ပိုက်ဆံစုဆောင်းပေးနိုင်သလို သင့်ရဲ့ ဘဏ္ဍရေးကိုလည်း ပျက်စီးစေနိုင်သော financial tool များဖြစ်ပါသည်။ သင်လုပ်မိနိုင်သော အကြီးဆုံးအမှားကတော့ သူဘယ်လို့အလုပ်လုပ်သည်ကို အမှန်တကယ် နားလည်မှုမရှိပဲနှင့် အသုံးပြုခြင်းဖြစ်ပါသည်။ Credit card တစ်ခုသည် ဘဏ် နှင့် အခြား ဘဏ္ဍာရေးအဖွဲ့အစည်းမှ ထုတ်ပေးသော financial product တစ်ခုဖြစ်ပြီး သင်ကို ပစ္စည်းများဝယ်ယူရန်၊ ပိုက်ဆံကြိုတင်ထုတ်ယူရန်နှင့် အခြားအကောင့်များမှ ငွေလွှဲရန် တို့ပေးလုပ်ပါသည်။ ထို့ကြောင့် Financial Thutha အနေဖြင့် ဒီတစ်ပါတ် Credit Card အကြောင်းကို လေ့လာရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သို့မှသာ သင်သည် credit card ဘယ်လို အလုပ်လုပ်သလဲဟု နားလည်ပြီး သူရဲ့အကျိုးကျေးဇူးတွေကို ကောင်းကောင်း အသုံးချနိုင်မှာဖြစ်သည်။ တစ်ခုမှတ်သားထားစေချင်တာကတော့ ဒီဆောင်းပါးတွင် တစ်ကမ္ဘာလုံးမှ credit card နှင့်ပတ်သက်သော သတင်းအချက်အလက်များကို အသုံးပြုထားပြီး မြန်မာနိုင်ငံတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ပါ။ ဤဆောင်းပါးသည် တစ်ကမ္ဘာလုံးတွင် မြင်တွေ့နေရသော ပုံစံနှင့် ရေစီကြောင်းကို ထင်ဟက်စေပါသည်။ ဤဆောင်းပါးကို MoneySense၊ The Simple Dollar နှင့် Gibbon.com တို့မှ မှီငြမ်းရေးသားထားပါသည်။
ပေးသွင်းရမည့်ငွေပမာဏမပေးသွင်းသောအချိန်တွင် ပြဿနာစသည်
Credit card သည် သင့်ကို အကြွေးဖြင့် ပိုက်ဆံသုံးစွဲခွင့်ပေးသည်။ ထို့ကြောင့် သင့်သည် ကြိုတင်သတ်မှတ်ထားသော ပမာဏအထိ ပိုက်ဆံသုံးစွဲနိုင်သည်။ ထို့ကြိုတင်သတ်မှတ်ထားသော ပမာဏဆိုသည် သင့်ကဒ်ထုတ်ပေးသူက သင်ပြန်ဆပ်မည့်အပေါ် ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုသည့်အပေါ် မူတည်သည်။ သင့်ကဒ်ထုပ်ပေးသူဆိုသည်မှာ သင့်၏ credit card ကို ထုတ်ပေးသော ဘဏ်ကိုပြောခြင်းဖြစ်သည်။ အကယ်၍ လစဉ်တိုင်း သင်၏ပေးစရာကို အပြည့်အဝပေးနေလျှင် သင်ချေးယူသုံးစွဲသည်အပေါ် အတိုးပေးစရာ လုံးဝမလိုအပ်ပါ။ သို့သော် သင်ပေးရမည့်အကြွေးကို အပြည့်ပြန်မဆပ်နိုင်လျှင်တော့ သင့်ကို အတိုးကောက်မည်ဖြစ်သည်။ ထိုအချိန်မှ တကယ့် ပြဿနာ စတာဖြစ်သည်။ များသောအားဖြင့် နောက်ပြန် (backdated) လည်းတွက်ကြသည်။ ထို့ကြောင့် လအစတွင် သင် တစ်ခုခုဝယ်ထားလျှင် သင့်ကို တစ်လလုံးစာ အတိုးတွက်မည်ဖြစ်သည်။ ထို့ကြောင့် Financial Thutha အနေဖြင့် လူတိုင်းကို စိတ်ရင်းဖြင့် အားပေးချင်တာကတော့ လက်ကျန်ပေးစရာအကြွေးမရှိအောင် ရှင်းဖို့ဖြစ်သည်။ သို့မှသာ သင်တို့ကို ထိတ်လန့်ဖွယ်ကောင်းသော အတိုးတွက်နှုန်းတွက်ခြင်း မခံရမှာဖြစ်ပါသည်။
Credit Card အတိုးနှုန်း ဘယ်လိုတွက်တယ်ဆိုတာကို လက်တွေ့ဥပမာလေးတစ်ခုကို ကြည့်ကြည့်ရအောင်
ဒီဟာက ပညာရပ်နည်းနည်းဆန်ပါတယ်။ သို့သော် အဲ့နောက်ကွယ်မှာ ဘယ်လိုရှိလဲဆိုတာနားလည်ဖို့ သင့်အတွက်အရေးကြီးပါတယ်။ Credit card အတိုးနှုန်းကို APR (Annual Periodic Rate) ကိုကြည့်ပြီး ဆုံးဖြတ်ကြပါတယ်။ သင့် credit card ၏ APR ကို 11% ဟုဆိုကြပါစို့။ ထို APR ကို နှစ်တစ်နှစ်တွင်ရှိသော ရက်စုစုပေါင်းနှင့် စားလိုက်ရင်တော့ DPR (Daily Periodic Rate) ကိုရရှိမှာဖြစ်တယ်။ ဥပမာအရ APR ကို 365 နှင့် စားလိုက်သောအခါ DPR တန်ဖိုး 0.03% ကိုရရှိကြောင့် သင်တွေ့ရမှာဖြစ်တယ်။
ဒီနေရာမှာတော့ တော်တော်ရှုပ်ထွေးသိမ်မွေ့လာပါပြီ။ Credit card ထုတ်ပေးသူ သင့် DPR ကိုသုံး၍ အတိုးနှုန်းတွက်သောအချိန်တွင် သင့်ရဲ့ နေ့စဉ်ပျမ်းမျှလက်ကျန်(average daily balance) ပေါ်ကြည့်၍ သင်ဘယ်လောက်အကြွေးတင်သလဲဟု သူတို့တွက်ချက်သည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် တစ်စိတ်တစ်ပိုင်းပြန်ဆပ်ခြင်း သို့မဟုတ် နောက်ထပ်ပစ္စည်းများ ထပ်ဝယ်နိုင်ခြင်းကြောင့် သင့်၏ credit card လက်ကျန်ငွေသည် တက်လိုက်ကျလိုက် ဖြစနေနိုင်သောကြောင့်ဖြစ်သည်။ ဆိုကြပါစို့။ လ၏အစတွင် သင့် credit card တွင် အကြွေး 500 USD ရှိမည်။ ထို့နောက် နောက်ထပ် ၁၅ ရက်အကြာတွင် သင်နောက်ထပ် $500 ကဒ်မှ ထပ်သုံးလိုက်သည်။ သင့်ရဲ့ကဒ်ထုတ်ပေးသူမှ ထိုလအတွက် average daily balance ကိုဒီလိုတွက်သည်။ အကြွေးကျန်တစ်ခုချင်းစီကို ထိုအကြွေးကျန်သော နေ့ အရေအတွက်နှင့်မြှောက်သည်။ ထို့နောက် ထိုရလဒ်တန်ဖိုးများကို ပေါင်းပြီး ထိုလရှိ စုစုပေါင်းရက်နှင့်ပြန်စားသည်။ အောက်တွင်ဆက်ကြည့်ကြည့်ပါ။
($500 * 15 ရက်) + ($1,000 * 15 ရက်) = $22,500
$22,500 / 30ရက် = $750 average daily balance
အထက်က DPR ကိုသုံးလျှင် ထိုလအတွက် သင့်ကို credit card အတိုး $6.75 ဖြင့် တွက်မှာဖြစ်ပါတယ်။
$750 * 0.0003 * 30 ရက် = $6.75
ထိုတွက်ချက်မှုအရဆိုလျှင် အတိုးသည် စုစုပေါင်း $6.75 ဖြစ်သည်။ ထို့ကြောင့် Financial Thutha မှ သတိပေးချင်တာကတော့ ဘဏ်ကို တင်နေသော အကြွေးများလေလေ လတိုင်းတက်သွားသောကြောင့် ပိုပိုမြင့်သော အတိုးနှုန်းကို ပေးရလေလေဖြစ်မည် ဖြစ်ပါသည်။
လစဉ်ပေးသွင်းရမည့်ပမာဏ အပြည့်မသွင်းရင် ဘာဖြစ်နိုင်သလဲ?
အကယ်၍သင်သည် လစဉ်စာရင်းတွင်ဖော်ပြထားသကဲ့သို့ စုစုပေါင်းပေးရမည့်အကြွေး၏ 3-5% သို့မဟုတ် ပမာဏတစ်ခုကိုသာ ပေးသွင်းမည်ဆိုလျှင် သင့်ကို နေ့တိုးနှင့် တွက်မည်ဖြစ်သည်။ အတိုးနှုန်းမှာ လစဉ် 2% သို့မဟုတ် နှစ်စဉ် 24% ဖြင့်တွက်ပြီး လက်ကျန် ပေးဆပ်ရမည့် ငွေပမာဏအပေါ်တွင် တွက်ပါသည်။ Financial Thutha မှ မှတ်ချက်ပေးချင်တာကတော့ သင်တစ်နေရာရာမှာ ရင်းနှီးမြုပ်နှံထားပြီး နှစ်စဉ် အတိုးနှုန်း 24% ရရှိနေသည်မှာ အဓိပ္ပါယ် မရှိသော ကိစ္စဖြစ်သည်။ ထို့ကြောင့် သင့် credit card ရှိ ပေးရန်အကြွေးများကို တတ်နိုင်သလောက် မြန်မြန်ဆပ်ရန် ထပ်၍ သတိပေးလိုက်ပါရစေ။ အနာဂတ်မှာလည်း Credit card နှင့် ဆက်နွယ်သည့် အလုပ်နေရာတစ်ခုအတွက် အင်တာဗျူးသွားရလျှင် သင့်ရဲ့ ဗဟုသုတများးနှင့် အထင်ကြီးအောင် လုပ်ခဲ့နိုင်ပါသည်။


awesome