Skyscraper(2018) [original writing by cryptoချစ်သူ]
Skyscraper(2018)
[original writing by cryptoချစ်သူ]
မင်္ဂလာပါ ခင်ဗျ။
ဒီနေ့တော့ 2018 ခုနှစ်မှာ လောလောလတ်လတ် ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကား မျှဝေပေးချင်ပါတယ် ခင်ဗျ။ဇာတ်ကားရဲ့ နာမည်ကတော့ ''Skyscraper'' ပဲ ဖြစ်ပါတယ်။
ဒါကတော့ official trailer ပါ။
ဒီဇာတ်ကားကို ''Central Intelligence (2016)''ကို ရိုက်ကူးခဲ့တဲ့ အမေရိကန် လူငယ်ဒါရိုက်တာ ''Rawson Marshall Thurber'' ကိုယ်တိုင် ရေးသားရိုက်ကူးထားပါတယ်။အဓိကသရုပ်ဆောင်ကတော့ ''The Rock'' လို့ နာမည်ကြော်ကြားတဲ့ ဒွိမ်းဂျွန်ဆင် (Dwayne Douglas Johnson) ဖြစ်ပါတယ်။ဒီဇာတ်ကားကို ကုန်ကျစရိတ် $129 million ခန့် အကုန်ကျခံရိုက်ကူးထားပြီး ရုံဝင်ငွေ (Box office)$292.7 million ပြန်လည်ရရှိထားတဲ့ အောင်မြင်တဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့--------
အက်ဖ်ဘီအိုင်အေးဂျင့် ဟောင်းလည်းဖြစ်၊ အမေရိကန် စစ်ပြန်တစ်ယောက်လည်းဖြစ်တဲ့ ဝီလ်ဆောယား(ဒွိမ်းဂျွန်ဆင်)ဟာ စစ်ဆင်ရေး တစ်ခုမှာ ပေါက်ကွဲမှုကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရပြီး ခြေတုနဲ့လှုပ်ရှားနေသူပါ။တစ်နေ့မှာတော့ ဝီလ်ဟာ ဟောင်ကောင်မှာရှိတဲ့ အမြင့်ဆုံး မိုးထိတိုက်(The pearl)ကို လုံခြုံရေးကြီးကြပ်ဖို့ အလုပ်ခန့်အပ်ခံရပြီး သူတာဝန် ယူရမယ့် အမြင့်ဆုံးနဲ့ လုံခြုံရေးစနစ် အကောင်းဆုံး မိုးထိတိုက် ကြီးမှာ သူ့မိသားစုနဲ့အတူ ပြောင်း ရွှေ့နေထိုင်ခဲ့ပါတယ်။တစ်ရက်မှာတော့ The Pearlမိုးထိတိုက်ဟာ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်ခြင်းခံရပါတယ်။အကြမ်းဖက်အဖွဲ့တွေက ဝီလ်ကို နှိပ်စက်ညှဉ်းပန်းခဲ့သလို သူ့မိသားစုကို ဓားစာခံလုပ်ပြီး သူ တို့ဖြစ်ချင်တာတွေကို အကျပ်ကိုင် ခိုင်းစေခဲ့ပါတယ်။
နောက်တော့ မိုးထိတိုက်ကြီးရဲ့ အလယ်ပိုင်းလောက်ကို အကြမ်းဖက်အဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး ဝီလ်ရဲ့မိသားစုဟာလည်း မီးလောင်နေတဲ့အလွှာမှာ ပိတ်မိနေခဲ့ပါတယ်။အကြမ်းဖက်သမားတွေက ဘာကြောင့် The Pearl ကို ပစ်မှတ်ထားခဲ့တာလဲ????????????????ဝီလ်တစ်ယောက် မိသားစုကို ဘယ်လိုတွေ သက်စွန့်ဆံဖျားကယ်တင်မလဲ ??????????
ဆိုတာကတော့ ----------------
ဒီဇာတ်ကားဟာ ကြည့်ရှုသူတွေကို ဇာတ်ကား အစကနေ အဆုံးထိအောင် အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ဆွဲခေါ်သွားမယ့် ''Non-stop Action'' ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တယ်ဆိုတဲ့အကြောင်း ရုပ်ရှင်ချစ်သူများကို မျှဝေပေးလိုက်ပါတယ်ခင်ဗျား။
ချန်နယ်မြန်မာကို ခရက်ဒစ်ပေးပါတယ် ခင်ဗျာ။
ဗွီဒီယိုကြည့်ရန်နှင့် ဒေါင်းလုတ်ဆွဲရန် Google Drive Link
မူဗီတိုက်ရိုက်လင့်ဖြစ်ပါတယ်။ကြော်ငြာလင့်များ ခံမထားပါဘူး ခင်ဗျာ။
Author - cryptoချစ်သူ