PSI HD RECEIVER များတွင် Biss Key ထည့်နည်း(Original writing by aungkhant)
Psi Hd စလောင်းစက်ဆိုတာ ကျွန်တော်တို့လို ဆင်းရဲသားတွေအတွက် အားကိုးအားထားပြုနေရတဲ့ ဂြိုဟ်တုစလောင်းဖမ်းစက် ဖြစ်ပါတယ်။ဘာကြောင့်ပါလဲ?
ကျွန်တော်တို့လို သာမန်ဆင်းရဲသားတွေဟာ တစ်လကို တစ်သောင်းကျော် နှစ်သောင်းလောက်ပေးရတဲ့ SKY NET စလောင်းစက်တွေ ဝယ်ယူမသုံးစွဲနိုင်ပါဘူး။ငွေနှစ်သောင်းဆိုတဲ့ပမာဏဟာ ကျွန်တော်တို့လို ဆင်းရဲသားတွေအတွက်ကတော့ လဝက်စာ ဆန်ဖိုးဖြစ်နေလို့ပါ။ဒါကြောင့် ရုပ်သံလိုင်းတွေ အခမဲ့ ထုတ်လွှင့်ပေးနေတဲ့ psi စလောင်းစကါကိုပဲ အားကိုးကြရပါတယ်။
Psi စလောင်းက ဘာလိုင်းတွေ လွှင့်ပေးသလဲဆိုတော့ မြန်မာအခမဲ့ ရုပ်သံလိုင်းတွေနဲ့ ထိုင်းအခမဲ့ရုပ်သံလိုင်းတွေ လွှင့်ပေးပါတယ်။အားကစား၊သီချင်း၊လက်ဝှေ့၊ရုပ်ရှင် အစရှိတဲ့ ဖျော်ဖြေရေးလိုင်းတွေကို ထုတ်လွှင့်ပေးပါတယ်။
ဒါ့အပြင် Biss key နဲ့ ပိတ်ထားတဲ့ အခပေးရုပ်သံလိုင်း အချို့ကိုလည်း Biss key ရိုက်ပြီး ကြည့်ရှုနိုင်ပါသေးတယ်။ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလားတုန်းကတော့ ကျွန်တော်တို့ ငွေတစ်ပြားမှ မကုန်ပဲနဲ့ ကမ္ဘာ့ဖလားပွဲတွေကို Biss key ရိုက်ပြီး ကြည့်ရှုနိုင်ခဲ့ပါတယ်။
တကယ်လို့ Biss key မရိုက်တဲ့ စလောင်းဆရာတွေဆီသွားထည့်ရင် အနည်းဆုံး ၁၀၀၀/၂၀၀၀ ပေးမှ ရတာပါ။ဒါ့ကြောင့် ငွေမကုန်ပဲ ကိုယ့်ဖာသာ Biss Key ရိုက်တတ်အောင်လို့ ကျွန်တော်သိထားတာလေး ပြန်လည် ဝေမျှပေးလိုက်ပါတယ်။Biss key ရိုက်လို့ရတာက Psi Hd စက်(Usb ပေါက်ပါ)မှာပဲ ရိုက်လို့ရပါတယ်။ရိုးရိုး psi စက် (Usb ပေါက် မပါ) မှာတော့ Biss key ရိုက်ထည့်လို့ မရပါဘူး။အဲဒီစက်တွေကတော့ စက်ချင်းကူးမှ ရတာပါ။post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရေးသားသူ - aungkhant
Chic article. I learned a lot of new things. I signed up and voted. I will be glad to mutual subscription))))