သစ်စိမ်းတော
Zawgyi
သစ်စိမ်းတော
________________
အရာရာတိုင်းဟာ
အချစ်ရှိတယ်
အမုန်းရှိတယ်
သုခရှိတယ်
ဒုက္ခရှိတယ်
အရာရာတိုင်းဟာ
အတိမ်းအစောင်းမရှိ
ကွက်တိ လှည်ပတ်တယ်....
စိတ်ဖိစီးမှုတွေ၊
ပျော်ရွှင်မှုတွေ
အချိုးမညီတဲ့အခါ
သွေးလေ ခြောက်ခြားတဲ့
တစ်ခါတစ်လေ
ကျနော်တို့ဟာ
မမြင်တဲ့အထိ
စုံလုံးကန်းတယ်။...။
25.1.2018
Unicode
သစ်စိမ်းတော
___________
အရာရာတိုင်းဟာ
နာရီလက်တံတစ်ခုလိုလှည်ပတ်ပြီးနောက်
လျို့ဝှက်ချက်တွေနဲ့ နက်နဲသွားတယ်
လျင်သူစားစတမ်းဆိုတဲ့နိယာမနဲ့
နေ့ရက်တွေကိုကျကျနနဖွဲ့စည်းထားတယ်
အချစ်ရှိတယ်
အမုန်းရှိတယ်
သုခရှိတယ်
ဒုက္ခရှိတယ်
ပျော်ရွှင်မှုတွေရှိတယ်
ဝမ်းနည်းမှုတွေရှိတယ်....
အရာရာတိုင်းဟာ
အတိမ်းအစောင်းမရှိ
ကွက်တိ လှည်ပတ်တယ်....
စိတ်ဖိစီးမှုတွေ၊
ပျော်ရွှင်မှုတွေ
အချိုးမညီတဲ့အခါ
သွေးလေ ခြောက်ခြားတဲ့
အိပ်မက်ရှည်တွေမက်တယ်
တစ်ခါတစ်လေ
ကျနော်တို့ဟာ
အရှေ့က ထောင်ချောက်ကြီးကို
မမြင်တဲ့အထိ
စုံလုံးကန်းတယ်။...။
Danieldmyo(လက်သစ်ကြယ်)
25.1.2018