ချစ်သူ

in #steemit8 years ago (edited)

ဘယ်လိုဝေးဝေး ဝေးလည်းပဲ ချစ်နေမိတာပါပဲ ရာသီ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
နေရာတွေ ဘယ်လိုပဲ ဝေးဝေး၊ မင်းကတော့ ငါ့ရဲ့ အချစ်ဆုံးပါ ချစ်သူ...
နွေနေ့ခင်း ပူပြင်းလည်း မင်းကို ငါ သတိရတယ်၊
မိုးဖွဲလေးတွေ ရွာသွန်းလည်း မင်းကို ငါ သတိရတယ်၊
ဆောင်းနှင်းတွေ ကျဆင်းလည်း မင်းကို ငါ သတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်၊
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကို လွမ်းနေမိတယ်၊
အချစ်ဆုံး...အချစ်ဆုံး...သူများတွေ ပြောတိုင်း ငါရယ်နေမိတယ်၊
အရူးတွေလို့ ထင်နေခဲ့မိတယ်၊ ငါ မင်းကို ချစ်မိတော့မှ
အရူးဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ကျေကျေနပ်နပ် ခံယူခဲ့တယ် ချစ်သူ...
လျှောက်နေရတဲ့ လမ်း သာယာဖြောင့်ဖြူးနေတာ မဟုတ်ပေမဲ့
အားတင်းထားပါ -
ဒုက္ခကို အပြုံးနဲ့ တော်လှန်ကြမယ် လဲကျသွားလဲ ခဏပေါ့
အမြဲတမ်း သုည အောက် ကျမနေနိုင်ပါဘူး
မြင့်မြတ်တဲ့ ဘာသာတရားကို ငါတို့
ကိုးကွယ်ထားကြတာပဲ
ဆင်းရဲခြင်းကို တော်လှန်နိုင်တဲ့ အစွမ်းတွေ ဖော်ထုတ်ကြဖို့
ငါတို့ အသိဥာဏ်ရှိကြတာပဲလေ
စိတ်က ဦးဆောင်နေလို့ ခန္ဓာက
လိုက်နေနိုင်တယ်ဆိုတာ မင်းလဲသိတာပဲ
စိတ်ကိုလျှော့မချနဲ့
မပြီးဆုံးနိုင်သေးတဲ့ မနက်ဖြန်တိုင်းအတွက်
စိတ်မရှိပဲ ခရီးမဆက်ပါနဲ့
စိတ်ကူးခွင့်ရှိတယ် ကြိုးစားခွင့် အပြည့်ရှိတယ်
တံတိုင်းတွေ ခြားနေလဲ မျှော်လင့်နေလို့ရတယ်
နောက်ဆုံးထွက်သက်မရောက်မခြင်း ငါတို့မှာ အခွင့်အရေးရှိတယ် _
ကြားလား>။
@htinlinaung