Amazingly grotto in Myanmar countrysteemCreated with Sketch.

in #steemit8 years ago

Name.........Winntwinn grotto . It's been Danu area in the southern Shan state at Myanmar country. It's really amazing and famous of Myanmar . It's Fascinating to torist. So if you travelling around the world , come to my country and to see amazing place and famous grotto. Wellcome to our golden land...
image
image
image
image
image
"အံဖွယ်များစွာနဲ့ဝန်းတွင်းဂူ"


ဓနုဒေသ ရွာငံမြို့နယ်သည်ကား သာဘာဝကပေးသောအံဖွယ်များစွာပိုင်ဆိုင်လျှက်ရှိပေသည် သဘာဝတောတောင်မြစ်ချောင်းအင်းအိုင်ရေမြေ သည်လည်း အများအပြားတည်ရှိနေပြန်သေးသည်
ကမ္ဘာသိ ပြဒါးလင်းဂူနဲ့ ရေပြာအိုင် ရေပူစမ်း ရေတံခွန်နန်းတွေက ရွှေဧည်သည်ကို ဆွဲခေါ်လျက် သဘာဝကျောက်ဂူပေါင်းများကလည်း အံ့မခမ်း ဟိုမှာတဂူ ဒီမှာတဂူ နေရာအနံ့အလှတွေရောင်စဉ်ချယ်နေ သဘာဝတရားပေးသောလက်ဆောင်
သဘာဝအလှက ပြောမဆုံး ရူ့မဆုံးတည်ရှိနေပေါ့။
ဒီသဘာဝအလှအံမခမ်းများထဲက ရွာငံမြို့နယ် ကျောက်ငှက်ရွာဘေးမှာရှိတဲ့ "ဝန်းတွင်းဂူ"က ဟိုထက်ကော ဒီထက်ပါ ပိုလှနေ ပိုကြွနေ သဘာဝကော အလှကော ကျောက်ပန်းခက် ကျောက်ပန်းလက် ကျောက်ပန်းရွက် အဖု အချောင်း
အကြော အဆွဲ အပွင့် အမျိုးစုံ တခြားဂူတွေထက် ပိုကိုပိုနေတာရောက်ဖူးသူတွေ အကုန်သိ
ဝန်းတွင်းဂူက အခန်းလေးခန်း ရှိပြီး တခန်းကို တနာရီခန့် လည်လို့ရတယ် တဂူလုံးကို လေးနာရီးခန့်ကြာတယ် ဂူအကျယ်ဝန်းက ဘုန်းကြီးကျောင်းနှစ်ကျောင်းစာကျယ်တဲ့နေရာတွေအများရီးပဲ ကျောက်စက်ရေတွေက နေရာအနံ့ သောက်ရေးသုံးရေကပေါပေါထောထော ဂူအတွင်း အောက်စီဂျင်မပြတ်ဘူးအေးဆေးပဲ ကျောက်ပန်းခက်တွေက အရမ်းအံသြစရာ တချို့ဟာဆို သစ်ပင်အကိုင်းအခက်တွေနဲ့ တချို့တော့လေ အဆင့်လိုက်အထပ်လိုက် ရေကြည်ရေးအေးက အပြောက်စက်ပေါင်းများစွာ ဖြူဖြူဖွေးဖွေး အခွက်လိုက်တွေ ဟူးးးပြောမဆုံး ကြည့်မဆုံး အံ့မဆုံး အခုတော့ ဂူကို ပြုပြင်မယ်ပြောတယ် ထင်ရှားကျော်ကြားလာမယ် ခဏအတွင်းမှာ လူတွေလည်ကြမှာ နာမည်ကျော်လာမှာ အသေချာပါပဲအရင်တုန်းက လူတွေသိပ်မဝင်ဘူးတဲ့ တချို့လူတွေ ဝင်ပြီးပြန်မထွက်တတ်လို့ ဂူထဲ့ညအိပ်ခဲ့ရသူတွေရှိတယ်တဲ့လေ မီးဆင်ပြီးရင်တော့ အဆင်ပြေသွားကြမှာပါ အခုတော့အဝင်လမ်းပေါက် နည်းနည်းခက်တယ် သွားဖူးတွေနဲ့သွားမှ အဆင်ပြေမှာပါ လမ်းမှားနိုင်တယ် အခက်အခဲတွေရှိနေသေးတယ်
တနေ့တော့ လူတွေဧည့်သည်တွေအားလုံးစိတ်ဝင်စားမယ် သွားလည်ကြမယ် ဝန်းတွင်းဂူ နာမည်ရလာမယ်ဆိုတာ ယုံကြည်နေတယ်
အံ့သြဖွယ်များစွာနဲ့အတူ ဝန်းတွင်းဂူ၏သဘာဝကပေးသောလက်ဆောင်ကို တန်ဘိုးထား ထိန်းသိမ်းပြီး သဘာဝအလှတရားကိုရူ့စားနိုင်ကြပါစေ။