ကမ္ဘာ့အဆိုးဆုံး ဇာတ်ကားဆုနဲ့ သရုပ်ဆောင်ဆု ပေးအပ်ပွဲ

in #steemit8 years ago (edited)

ကမ္ဘာ့အဆိုးဆုံး ဇာတ်ကားဆုနဲ့ သရုပ်ဆောင်ဆု ပေးအပ်ပွဲ
image
ကမ္ဘာပေါ်မှာ နှစ်တိုင်း ရုပ်ရှင်ထူးချွန်ဆုပေးလေ့ရှိသလို သူနဲ့ဆန့်ကျင်ဘက် အဆိုးဆုံးရုပ်ရှင်ဆုတွေကိုလည်း ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ဒီဆုကို Razzies လို့ခေါ်သလို Golden Rospberry Awards လို့လည်း ခေါ်ပါတယ်။ အစကတော့ အမေရိကန်လူမျိုး ဂျွန်ဂျေဘီဝီလ်ဆင်ဆိုတဲ့ပုဂ္ဂိုလ်က သူ့အိမ်မှာလုပ်တဲ့ ပါတီပွဲတစ်ခုမှာ နောက်နောက်ပြောင်ပြောင်နဲ့ ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းတော့ ဝီလ်ဆင်က ဒီပွဲကို အတည်အပေါက်နဲ့ လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
image
စလုပ်တုန်းကတော့ အကယ်ဒမီဆုပေးပွဲပြီးမှ ဒီဆုကို ပေးတာဖြစ်ပေမယ့် နောက်ပိုင်းတော့ အကယ်ဒမီဆုမပေးခင်တစ်ရက်ကြိုပြီး ကျင်းပခဲ့ပါတယ်။

ဒီဆုကို ၁၉၈၁ ခုနှစ်ကနေ စပေးအပ်လာတာဖြစ်လို့ ၂၀၁၇ မှာဆိုရင် ၃၈ ကြိမ်မြောက်တောင် ရှိနေပါပြီ။

၎ ကြိမ်မြောက်ကနေစလို့ ဒီပွဲကို CNN အပါအဝင် သတင်းမီဒီယာကြီးနှစ်ခုက သတင်းသမားတွေ တက်ရောက်ခဲ့ကြလို့ လူသိပိုများလာပါတယ်။

၂၀၀၉ ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ ဂျာနယ်လစ် ၆၅၀ ဝန်းကျင်၊ ရုပ်ရှင်ပရိသတ်တွေနဲ့ ရုပ်ရှင်ကျွမ်းကျင်ပညာရှင်တွေရဲ့ ပေးတဲ့မဲအပေါ်မူတည်ပြီး အဆိုးဆုံးသရုပ်ဆောင်ဆု၊ ဒါရိုက်တာဆုနဲ့ ဇာတ်ကားဆုတွေကို ရွေးချယ်ခဲ့ပါတယ်။

ရွေးချယ်ခံရသူအများစုကတော့ ဒီပွဲကို တက်ရောက်လေ့ မရှိပါဘူး။ ပေးတဲ့ဆုက ရွှေဘယ်ရီသီးပုံစံ ရုပ်တုလေး ဖြစ်ပါတယ်။

စတားလုံးကတော့ စံချိန်တင်ပါပဲ။ ဒီဆုကို ၁၄ ကြိမ်တောင် ရရှိထားပါတယ်။

ဒီလိုဆုရရှိသူတွေထဲမှာ ဆန်ဒရာဘူးလော့တို့၊ တွမ်ခရုဇ်တို့လို သရုပ်ဆောင်တွေအပြင် နာမည်ကြီး သရုပ်ဆောင်အများအပြားလည်း ပါခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒီနှစ်အတွက် အဆိုးဆုံးသရုပ်ဆောင်ဆုရသွားသူတွေမှာ batman vs superman ဇာတ်ကားမှာသရုပ်ဆောင်တဲ့ ဘန်းအက်ဖလက်ခ်လည်း ပါပါတယ်။ အဆိုးဆုံးဇာတ်ပို့ဆုမှာဆိုရင် စနိုးဒန်ဇာတ်ကားမှာ သရုပ်ဆောင်တဲ့ နီကိုးလပ်စ်ကေ့ခ်ျ၊ Alice Through the Looking Glass မှာ သရုပ်ဆောင်ထားတဲ့ ဂျွန်နီဒပ်တို့တောင် ပါဝင်တယ်လို့ သိရပါတယ်။

Credit, google photo

Sort:  

OMG! This is SUCH an AMAZING post! Thank you for sharing! I gave you a vote!!

ဆုတွေအကြောင်းတော့သိပ်မသိဘူး
တင်ပေးလို့ကျေးဇူးပါ